DVB Logo
Home
မြန်မာသတင်း
ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ရွှေထည်များကို စစ်ကိုင်းတိုင်းအစိုးရထံ လာအပ်
DVB
·
July 17, 2017
ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ရွှေထည်များကို စစ်ကိုင်းတိုင်းအစိုးရထံ လာအပ်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဝါးရောင်းကျေးရွာမှာ ဇူလိုင်လ ၁၃ ရက်နေ့က အမျိုးသမီးတဦး ရှေးဟောင်းပစ္စည်းလို့ ယူဆရတဲ့ ရွှေထည်နဲ့ လက်ဝတ်လက်စားတွေ တွေ့ရှိခဲ့တာကြောင့် ဇူလိုင်လ ၁၇ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းထံကို လာရောက်အပ်နှံခဲ့ကြပါတယ်။

စတင်တွေ့ရှိသူမှာ ဝါးရောင်းရွာ အနောက်ပိုင်းမှ မငယ် ခေါ် မနှင်းနှင်းမြဖြစ်ပြီး ၁၂ ကျပ်သား ကျော်ရှိ စဉ်အိုးငယ်အတွင်း ၁ ထပ်ကြိုးကုံး ရွှေဆွဲကြိုး ၁ ကုံး၊ ငါးမူးပြားရွှေဆွဲပြား ၁ ပြား၊ နီလာလက်စွပ် ၁ ကွင်း၊ ၀ါဖော့လက်စွပ် ၁ ကွင်း၊ နီလာ ၅ လုံးပါ လက်စွပ် ၁ ကွင်း၊ အဖြူရောင် ဥစီ ဖောင်းနားကပ် ၁ ရံ၊ အဖြူရောင်ချွန်းဖောင်းနားကပ် ၁ ရံ၊ ငွေ ဥစီနားကွင်း ၂ ရံ၊ မိုးကြိုးလက်စွပ် ၉ ကွင်း၊ အောက်အဆွဲပါရွှေကြယ်သီး ၁ စုံ၊ သန္တာကျောက်ကွင်း ၃ ခု၊ ကျောက်ပုတီးစိ ၄ လုံး၊ အဖြူရောင်ကျောက် ၁ ခု အလေးချိန်စုစုပေါင်း ၄ ကျပ်သား ၁၀ ပဲ ၃ ရွေးခွဲတို့ကို အရာတော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သင်းနှင့် တွေ့ရှိသူတွေက လာရောက်အပ်နှံခဲ့တာပါ။ ဝါးရောင်းရွာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၂၀ကျော်က ဖလုံမင်းတည်ထားခဲ့တဲ့ ရှေးဟောင်းဘုရားတည်ရှိသလို ဖလုံမင်းလက်ထက်က ရေးထိုးထားတဲ့ ရှေးဟောင်းကျောက်စာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဝါးရောင်းကျေးရွာမှာ အိမ်ခြေ ၉၃၀ ကျော်ရှိပြီး လူဦးရေ ၄၀၀၀ ကျော်ရှိကာ အခုလို ရှေးဟောင်းလို့ ယူဆရတဲ့ ပစ္စည်းတွေမတွေ့ဖူးကြဘူးလို့ ဝါးရောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013