DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် မြို့ ၆ မြို့ ရေကြီးနေ၊ လူ ၃ သောင်းခန့် ရွှေ့ပြောင်း
DVB
·
July 17, 2017
Donate to DVB

မကွေးတိုင်းထဲက မြို့ ၆ မြို့မှာ မြစ်ရေကြီးပြီး လူပေါင်း ၃ သောင်းလောက် ရွှေ့ပြောင်း နေထိုင်နေကြရပါတယ်။

မကွေး၊ ချောက်၊ ပခုက္ကူ၊ ရေစကြို၊ မင်းဘူးနဲ့ ဆိပ်ဖြူမြို့တွေမှာ ဧရာဝတီမြစ်ရေတက်နေတာဖြစ်ပြီး ရေစကြိုနဲ့ ပခုက္ကူက လူတွေအများဆုံး ရေဘေးရှောင်စခန်းတွေကို ရောက်နေတာပါ။

မကွေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက “မင်းဘူးနဲ့ မကွေးကိုတော့ ၇ ရက်စာ ဆန်ပေးထားပါပြီ။ ကျန်တဲ့ မြို့တွေကိုတော့ မနက်မှာ ပေးပါမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

၁၅ ရက်နေ့အထိ ရထားတဲ့ စာရင်းတွေအရ လူပေါင်း ၂၉၀၂၉ ယောက်ဟာ ရေဘေးရှောင် စခန်းတွေမှာ နေကြရပြီး ရေစကြိုမြို့နယ်မှာတော့ လူပေါင်း ၁၃၈၆၇ ယောက် ရွှေ့ပြောင်း နေရတာ ဖြစ်ပါတယ်။

ရေစကြိုမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဟန်က “ရေကတော့ မနှစ်ကလောက် မများသေးဘူး။ ဒါပေမယ့် သိပ်မကွာဘူး။ မြို့နယ်ထဲမှာတော့ နေရာထက်ဝက်လောက် ရေဝင်နေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဇရပ်နီ၊ နတ်ညွှန်း၊ မဲနီကျွန်း စတဲ့ ၆ ရွာမှာတော့ ကမ်းပါးပြိုတဲ့ အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

နတ်ညွှန်းရွာမှာတော့ ရေ ၅ ပေကနေ ၁၀ ပေကျော်အထိ ရေတက်နေပြီး ရွာဘက်ကို ပေး ၂၀၀ လောက် ကမ်းပါးပြိုခဲ့တယ်လို့ ရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ဒါထက်ပြိုလာရင်တော့ ရွာက ရွှေ့စရာ မရှိတော့ဘူး။ ရေကတော့ တက်နေတုန်းပဲ။ နောက်ထပ် ၇ လက်မလောက် တက်လာရင်တော့ ရွာက အလယ်တန်းကျောင်းပေါ်ကို ရွှေ့နေရတော့မယ်။ အခုရေကြီးတာက မနှစ်ကလောက် မများသေးလို့ သက်ဆိုင်ရာတွေကို တင်ပြထားတာတော့ မရှိသေးပါဘူး” လို့ အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က ပြောပါတယ်။

တခြား ကမ်းပါးပြိုတဲ့ ရွာတွေမှာလည်း အိမ်တွေဖျက်ပြီး ပြောင်းရွှေ့ခဲ့ရပါတယ်။

“အိမ် အလုံး ၆၀ လောက် ပြောင်းထားရတယ်။ ရှိတဲ့အိမ်ကိုပဲ ပြုပြင်နေရတာပေါ့။ ရွာက ကျွဲနွားတွေကိုတော့ တခြားရွာကို ပြောင်းထားရတယ်” လို့ ဗလဘရွာက ဦးနုတင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013