DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 17, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၁၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၇၉၅,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၅၉၇,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၈,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁၅၀ ကျပ်ကနေ ငွေကျပ် ၅၅၀ ပေါက်ဈေးရှိနေပါတယ်။

ပဲပုတ်(ဗမာ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ)က ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၉၀၅,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

ပန်းနှမ်း
ပန်းနှမ်းကတော့ ၁ အိတ်ကို ငွေကျပ် ၇၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းဖြူ
နှမ်းဖြူကတော့ ဒီနေ့မှာ ၁ အိတ်ကို ၉၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲဇီးကွက်
မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ပဲဇီးကွက်က ၁ ပိဿာကို ငွေကျပ် ၁,၂၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

စီပီပြောင်း
လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၃၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၅၁၀ ကျပ်ကနေ ငွေကျပ် ၅၄၀ ပေါက်ဈေးရှိနေပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013