DVB Logo
Home
မြန်မာသတင်း

ရတနာပုံမြို့သစ် မန္တလာတံခွန်​ပန်းခြံ၌ အာဇာနည်နေ့ အခမ်းအနားကျင်းပခွင့်မရ

July 17, 2017
ရတနာပုံမြို့သစ် မန္တလာတံခွန်​ပန်းခြံ၌  အာဇာနည်နေ့ အခမ်းအနားကျင်းပခွင့်မရ
Donate to DVB

 

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံမြို့သစ် (စ)ရပ်ကွက် မန္တလာတံခွန်ပန်းခြံ အတွင်းထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရာနေရာမှာ နှစ် ၇၀ မြောက် အာဇာနည်နေ့အခမ်းအနား မကျင်းဖို့ အာဏာပိုင်တွေက ပိတ်ပင်တားမြစ်လိုက်ပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဘုန်းထက်မြင့်နိုင်က ဗိုလ်ချုပ်ကြေးရုပ်နှင့်ရင်ပြင်ဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ ကိုမင်းထက်ငြိမ်းချမ်း၊ ကိုကျော်ကျော်စိုး မမီးမီး၊ မဆွေဇင်ဇော်ဝင်းတို့ ၇ ဦးကို ခေါ်ယူပြီး တားမြစ်ကြောင်းပြေားကြားခဲ့တာဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရက စီစဉ်ကျင်းပမယ့် အာဇာနည်အခမ်းအနားကိုသာ ပူးပေါင်း ပါဝင်ကြဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အာဇာနည်နေ့အခမ်းအနား ကျင်းပဖို့ စဉ်ထားတာကို အခုလို ပိတ်ပင်တားဆီးတာနဲ့ ပတ်သက်ပြီး ပြင်းပြန်းထန်ထန်ကန်ကွက်တယ်လို့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ရုပ်တုနဲ့ ရင်ပြင်ဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ကိုကျော်ကျော်စိုးကပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013