DVB Logo
Home
မြန်မာသတင်း
ရေနံ အရောင်းအဝယ် ရပ်ဆိုင်းထားသဖြင့် ရေနံမှော်ကို မှီခိုလုပ်ကိုင်နေသူများအခက်ကြုံ
DVB
·
July 17, 2017
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ငနောင်မုန်းရေနံမှော်မှာ ဇူလိုင် ၇ ရက်နေ့က စပြီး ရေနံအရောင်းအဝယ် ရပ်ဆိုင်းထားတာကြောင့်  ရေနံမှော်ကို မှီခိုလုပ်ကိုင်စားသောက် နေသူတွေ နဲ့ မိသားစုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရေနံမ၊ ဓာတ်ကုန်း၊ ဆင်မကျ၊ ကျောက်ပုံ၊ ကန်တုတ်ဒေသ၊ အဆိုပါရေနံမှော်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ပြီး တရားဝင် တူးဖော်ရောင်းဝယ်ခဲ့တဲ့ ရေနံမှော်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ပြည်သူတွေ လာရောက် လုပ်ကိုင်စားသောက်နေတာပါ။

အရောင်းအဝယ် ရပ်တန့်ထားရတာကြောင့် တရားဝင် ရောင်းဝယ်ခွင့် ရရှိအောင် ရေနံလုပ်သားတွေက ဇူလိုင် ၁၃ ရက်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို အသနားခံစာတင်ထားတယ်လို့ သိရှိရပါတယ်။

ရေနံတွင်းပိုင် ဦးသန်းတင်က “ကျနော်တို့ ရေနံလုပ်ငန်းက တခြားလုပ်ငန်းတွေလို ရပ်ထားလို့မရဘူး။ တကယ်လို့ ရပ်ထားမယ်ဆိုရင် ရေနံတွင်းတွေ ရေလိုက်လာမယ်၊ တွင်းစာတွေ ပြိုမယ်။ ရေနံကြောတွေဆီ မလိုက်ဘဲ၊ ခန်းခြောက်ကုန်သွားနိုင်တဲ့အတွက် ဆုံးရှုံးမှုတွေ များနိုင်တယ်၊ တခြား သွားရောင်းရင်လည်း တရားမဝင်တဲ့အတွက် အဖမ်းခံရမှာ ကြောက်လို့ မရောင်းရဲဘူး၊ လုပ်ကွက်နဲ့ပတ်သက်လို့ ဘယ်သူ့ကိုပဲပေးပေး အမြန်ဆုံး တရားဝင်ရောင်းဝယ်ခွင့်ရရှိဖို့ တိုင်းဒေသကြီးအစိုးရကို အသနားခံစာတင်ထားတယ်"လို့ ပြောပါတယ်။

ဦးစိုးသူအောင်ကလည်း “ရေရှည် ရပ်ဆိုင်းထားရရင် ပထမဆုံး အခက်အခဲက ထည့်စရာ အခက်အခဲ၊ ငွေကြေးအခက်ခဲ၊ ရေနံတွင်း ပျက်စီးမှုတွေ၊ မီးဘေးအန္တရာယ်တွေ၊ မသမာသူတွေရဲ့ အန္တရာယ်တွေ၊ ရေနံဈေး အတက်အကျတွေ၊ လုပ်သားခ မရှင်းနိုင်ရင် အလုပ်ရှင် အလုပ်သမား ပြဿနာတွေ ဆက်လက်ကြုံတွေ့နိုင်တယ်”လို့ ပြောပါတယ်။

ရေနံတတွင်းရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ငွေကျပ် သိန်း ၁၀၀ လောက် ကုန်ကျပြီး နေ့စဉ်နဲ့အမျှ လုပ်သားခတွေ၊ လိုအပ်တဲ့ပစ္စည်း ဝယ်ယူမှုတွေ ပြုလုပ်နေရပြီး လုပ်ငန်းမှာ ရေနံခပ်လုပ်သား၊ ရေနံတွင်းတူး လုပ်သားတွေ၊ ရေနံတွင်းပိုင်တွေ၊ ရေနံတွင်းတူးစက်ပိုင်တွေး၊ ရေနံသယ်ပို့ လုပ်ကိုင်သူတွေ၊ ဈေးဆိုင်တွေနဲ့ အလွှာပေါင်းစုံ ပါဝင်ကာ အနယ်နယ်အရပ်ရပ်က လာရောက်လုပ်ကိုင် မှီခိုစားသောက်နေကြောင်း ရေနံလုပ်သားတွေနဲ့ ရေနံတွင်းပိုင်တွေဆီက သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013