DVB Logo
Home
မြန်မာသတင်း
ကျောင်းသား ၂ ဦးကို တိုက်ပြေးသည့်ကားအား ဖမ်းမိ
DVB
·
July 17, 2017
ကျောင်းသား ၂  ဦးကို တိုက်ပြေးသည့်ကားအား ဖမ်းမိ
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကျားသေကန်ရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင် ၃၇၄/၂ မှာ ဇူလိုင် ၁၆ ရက် ညနေ ၄  နာရီလောက်က ကျောင်းသား ၂ ဦးရဲ့ ဆိုင်ကယ်ကို ကားတစီးက နောက်ကနေ၀င်တိုက်ပြီး မောင်းပြေးတာကို ၃ နာရီအတွင်း ဖမ်းမိတယ်လို့ ရွှေတောင်ရဲစခန်းက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့်  ကျောင်းသား ၂ ဦး ပြင်းထန် ဒဏ်ရာရတယ်လို့ ရွှေတောင်ရွာရဲစခန်း

စခန်းမှူး ရဲအုပ် ကျော်နိုင်စိုးက "၁၀ တန်း ကျောင်းသား စိုးထက်အောင် ဝဲချိုစောင်း ပေါက်ပြဲဖူးရောင်တယ်၊ ကျောပြင်နဲ့ပခုံးတွေ ပွန်းပဲ့ကုန်တယ်၊ ၇ တန်းကျောင်းသား စိန်ထွား ဦးခေါင်းထိပ်ပေါက်ပြဲတယ်၊ ခြေထောက်ကျိုးတယ်၊ ပွန်းပဲ့ဒဏ်ရာတွေ ရတယ်။ ကြပ်ကန်ရွာအနီး ချုံထဲထိုးဖွက်ထားတဲ့ ကားကို ၃ နာရီအကြာမှာ ဖမ်းမိတယ်။ အဖွဲ့ ၄ ဖွဲ့ခွဲပြီး ရှာခဲ့ရတယ်” လို့ ပြောပါတယ်။ ဒဏ်ရာရရှိတဲ့ ကျောင်းသား ၂ ဦးကိုတော့ ၀မ်းတွင်းမြို့ ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ရတယ်လို့ သိရပါတယ်။

ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ ဖောကား ယာဉ်မောင်း (အမည်စိစစ်ဆဲ)ကို ယာဉ်မဆင်မခြင်မောင်းလို့ ထိခိုက်ဒဏ်ရာရစေမှု သာမာန်/ပြင်းထန်/တိုက်ပြေး ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈/၂၀၂ နဲ့ အမှုဖွင့်တယ်လို့ ဆိုပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013