DVB Logo
Home
မြန်မာသတင်း
ပလောက်တွင် ရေလုပ်သား ၁ ဦး မိကျောင်းကိုက်ခံရ၍ သေဆုံး
DVB
·
July 17, 2017
ပလောက်တွင် ရေလုပ်သား ၁ ဦး မိကျောင်းကိုက်ခံရ၍ သေဆုံး
Donate to DVB

 

ပုလောမြို့နယ် ပလောက်မြို့နယ် (ခွဲ) ပြည်ခြားကျေးရွာတွင် ကမ်းနီး ငါးဖမ်းရေလုပ်သားတဦး ဇူလိုင်လ ၁၄ ရက်နေ့က ငါးဖမ်းထွက်စဉ် လှေတိမ်းမှောက်ရာမှ မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပုလောမြို့နယ် ပလောက်မြို့နယ် (ခွဲ) ပြည်ခြားကျေးရွာ အုပ်စု၊ မင်းဂကြဲကျေးရွာနေ မောင်မိုးဆောင်ဦး အသက် (၁၈) နှစ်ဟာ ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြည်ခြားချောင်းအတွင်း လူ ၄ ဦးနဲ့ ငါးဖမ်းထွက်စဉ် ရုတ်တရက် လှေတိမ်းမှောက်ရာမှ မိကျောင်း ကိုက်ခံရပြီး ပျောက်ဆုံးသွားခဲ့တယ်လို့ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

ပိုက်လှေ (ဒေသအခေါ်) ငါးဖမ်းလှေငယ်ဟာ ဇူလိုင်လ ၁၄ ရက်နေ့မှာ ငါးဖမ်းထွက်ရာမှ ပျောက်ဆုံးသွားခဲ့ရာ ဇူလိုင်လ ၁၆ ရက်နေ့တွင် သေဆုံးသူရဲ့ ဦးခေါင်းပိုင်းကို မိကျောင်း ကိုက်ခံရပြီး သေဆုံးနေတာကို မြစ်အတွင်း အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရပါတယ်။

ပြည်ခြားကျေးရွာရှိ ပြည်ခြားမြစ်ကမ်းတွေမှာ ရံဖန်ရံခါ မိကျောင်းတွေ တွေ့ရှိရကြောင်း သိရပါတယ်။

သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013