DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် မိုးခေါင်သဖြင့် မနှင်းဆီနတ်ပင့်ပြီး မိုးခေါ်ပွဲကျင်းပ (ရုပ်သံ)
DVB
·
July 17, 2017
မိုးညှင်းတွင် မိုးခေါင်သဖြင့် မနှင်းဆီနတ်ပင့်ပြီး မိုးခေါ်ပွဲကျင်းပ (ရုပ်သံ)
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာမှာ မိုးမရတာ ၂ လလောက်ရှိပြီဖြစ်လို့ ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်နေ့အထိ မနှင်းဆီနတ်ပင့်ပြီး မိုးခေါ်ပွဲ ကျင်းပခဲ့ပါတယ်။

မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာကျောင်း အရှေ့ဘက်ကွင်း၊ ဟဲလုံကွင်း၊ တုံးလုံကွင်းတဲကြီးကုန်း ပျော်ဘွယ်ကွင်း စတဲ့ လယ်ဧကများစွာဟာ မိုးမရွာတာ ၂ လနီးပါးရှိပြီဖြစ်လို့ ပျိုးခင်းတွေ သက်လွန်ခြင်း၊ ထိုးပြီးထည်စာဖတ်တွေ ခြောက်သွေ့ကာ စိုက်ပြီးအပင်တွေ သေဆုံးကုန်လို့ ပြုလုပ်ရကြောင်း သိရပါတယ်။

မနှင်းဆီနတ်ကို ဝါးနဲယက်လုပ်ထားတဲ့ ခြင်းကြီးမှာ မျက်နှာပုံဖော်လိမ်းခြယ် ဝတ်ဆင်ပေးပြီး နတ်ပင့်သယ်က ငှက်ပျောအုန်းပွဲတွေပသကာ ရေချောင်းအတွင်းခေါ်ယူ ရေကစားစေခြင်းဖြစ်ပါတယ်။

နတ်ဝင်နေတဲ့ခြင်းကြီးဟာ ချောင်အတွင်း ကြာကြာရေကစားပါက မိုးရွာတော့မယ်၊ ခဏပဲရေကစားပြီး ထွက်သွားပါက မိုးဝေးနေသေးကြောင်း၊ အခုလို မနှင်းဆီနတ်ပင့်ကာ မိုးခေါ်ယူခြင်းမှာ ရှေးမူမပျက် ယုံကြည်ချက်နဲ့ လုပ်နေကြတာလို့ အသက် ၈၈ နှစ်အရွယ် ဒေါ်တင်နုက ပြောပြပါတယ်။

၇ နှစ်ခန့်တကြိမ် မိုးခေါင်တတ်တာကြောင့် မိုးခေါ်ပွဲကျင်းပရတတ်ကြောင်း၊ မိုးမရွာသေးပါက မိုးခေါ်လွန်ဆွဲပွဲကို ဆက်လုပ်သွားမှာဖြစ်ကြောင်းနဲ့ မိုးရွာလာပြီး ချောင်းရေတွေ ရရှိလာမယ်လို့ ယုံကြည်ကြောင်း ပွဲစီစဉ်သူ ဒေါ်ပွဲမီကပြောပါတယ်။

`ရုပ်သံ - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013