DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ တောင်းပန်စာလက်ခံရရှိကြောင်း ကာချုပ်ရုံးထုတ်ပြန်
DVB
·
July 16, 2017
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ တောင်းပန်စာလက်ခံရရှိကြောင်း ကာချုပ်ရုံးထုတ်ပြန်
Donate to DVB

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တောင်းပန်စာကို လက်ခံရရှိတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၃ ရက် ရက်စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံကို လိပ်မူထားတဲ့ တောင်းပန်စာကို အမြန်ချောပို့ လမ်းကြောင်းနဲ့ ပေးပို့ခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနဲ့ မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က “အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း” ပြောကြားတာနဲ့ ပတ်သက်ပြီး လိုအပ်သလို စိစစ်အရေးယူနိုင်ဖို့အတွက် တပ်မတော်အနေနဲ့ နိုင်ငံတော် အစိုးရကို တင်ပြထားခဲ့တာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီအနေနဲ့လည်း ဦးဖြိုးမင်းသိန်းကို သတိပေးဆုံးမလိုက်တယ်လို့ ဗဟို အလုပ်အမှုဆောင်အဖွဲ့က ဇူလိုင် ၁၄ ရက် နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စု အစိုးရဘက်ကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောဆိုချက်ဟာ အစိုးရ သဘောထား မဟုတ်သလို ဦးဖြိုးမင်းသိန်းအနေနဲ့ ဆောင်ရွက်ရမယ့် အပိုင်းတွေကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ တပ်မတော်ကို အကြောင်းပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013