DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများ​ဘေးကင်းလုံခြုံစေ​ရေး မြင်းခြံမြို့တွင် အသိပညာ​ပေး ဖျော်ဖြေပွဲ ပြုလုပ်
DVB
·
July 16, 2017
အမျိုးသမီးများ​ဘေးကင်းလုံခြုံစေ​ရေး မြင်းခြံမြို့တွင် အသိပညာ​ပေး ဖျော်ဖြေပွဲ ပြုလုပ်
1 / 6
Donate to DVB

မန္တလးတိုင်းဒေသကြီး မြင်းခြံမြို့မှာ အမျိုးသမီးများ ဘေးကင်းလုံခြုံစေရေး အသိပညာပေး ဖျော်ဖြေပွဲကို ဒီကနေ့  ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

အမျိုးသမီးမတွေ ဘေးကင်းလုံခြုံစေရေးအသိပညာပေး အစီအစဉ်ကို Triangle Women အဖွဲ့နဲ့ မြင်းခြံ ရွှေခြံအားမာန် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းတင်ဆက်ကြတာလည်း ဖြစ်ပါတယ်။

"Triangle Women အဖွဲ့ဟာ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်တယ်၊ အဓိကတော့ သာမာန်ရပ်ကွက်ထဲမှာရှိတဲ့ ပြည်သူလူထုတွေဟာ အမျိုးသမီးတွေကလည်း အမျိုးသားတွေလိုပဲ ခံစားတက်တယ်၊ အကြမ်းဖက်မှုတွေကို မကြိုက်ဘူး၊ နေ့စဉ်နဲ့အမျှ အကြမ်းဖက်မှုတွေရှိနေတာကို သူတို့ကိုယ်တိုင် သိပြီးတော့ ဆင်ခြင်နိုင်အောင် ကျမတို့က ပြည်သူလူထုကို တိုက်ရိုက်ထိတွေ့ပြီး အသိပေးချင်တဲ့ အစီအစဉ်ပါ။ အဓိကတော့ အမျိုးသမီးတွေ ဘေးကင်းလုံခြုံမှ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တထောင့်တနေရာကနေ ပိုလုပ်နိုင်မယ်၊ အမျိုးသမီးတွေ နေ့စဉ် စိတ်ဆင်းရဲနေရမယ်၊ အကြမ်းဖက်ခံနေရမယ်ဆိုရင် တိုင်ပြည်ဖွံ့ဖြိုးရေးအတွက် သူတို့ ဘယ်လိုမှ မပါဝင်နိုင်တဲ့အတွက် အမျိုးသမီးရဲ့ အင်အား လုပ်အားတွေ ဆုံးရှုံးရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကလည်း တခြမ်းပဲ့ပဲ ဖြစ်လိမ့်မယ်။ အမျိုးသမီးတွေကိုလည်း အမျိုးသားတွေနဲ့ တန်းတူ လုပ်နိုင်ခွင့်တွေ၊ လုပ်နိုင်တဲ့အားတွေ တိုးတက်လာအောင်အတွက် အမျိုးသမီးတွေ အကြမ်းဖက်မှုဟာလည်း မကောင်းဘူးဆိုတဲ့ မက်ဆေ့ ပေးချင်တဲ့အတွက် ခုလို ပွဲလေး ပြုလုပ်ရတာပါ” လို့ Triangle Women အဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လေးက ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသမီးများဘေးကင်းလုံခြုံစေရေး အသိပညာပေးအစီအစဉ်ကို မော်မော်လမ်းထောင့်၊ အမှတ် (၆) ရပ်ကွက် တိုးကြီးလက်ဖက်ရည်ဆိုင်နဲ့ နာရီစဉ်အနီး နေရာ ၃ နေရာတို့မှာ လှည့်လည်ဖျော်ဖြေပေးခဲ့ကြပြီး တေးသံရှင် ဖြိုးပြည့်စုံ နဲ့ ဝတ်ရည်ထက်တို့လည်း ပူးပေါင်းပါဝင် တင်ဆက်ပေးသွားကြပါတယ်။

“ရပ်ကွက် ကျေးရွာတွေမှာရှိတဲ့ အချို့အမျိုးသမီးလေးတွေက အသိပညာနည်းပါးသေးတယ်လေ။ အဲ့ဒီတော့ ကျမတို့က အသိပညာပေး ဟောပြောပွဲလေးတွေ စကားဝိုင်းလေးတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။ တကယ်လို့ အမျိုးသမီးတွေ အကြမ်းဖက်ခံရရင် ဘယ်ကိုသွား ဘယ်သူ့ကို အကူအညီတောင်းပါ စတဲ့ သူတို့ လိုအပ်တဲ့ အကူအညီတွေ ဆောင်းရွက် ပေးနေတာ ဖြစ်ပြီး ခုလိုပွဲလေးစီစဉ်ရတာကလည်း အမျိုးသမီးများ ပိုမိုသိရှိနားလည်ရန် ရည်ရွယ်ပြီး ပြုလုပ်ရတာ” လို့ ရွှေခြံအားမာန်လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မော်မော်ဌေးက ဆိုပါတယ်။

အမျိုးသမီးများအား ဘေးကင်းလုံခြုံစေရေး အသိပညာပေးဖျော်ဖြေရေးအစီအစဉ်မှာ ကလေးသူငယ်တွေအတွက် သက်ငယ်မုဒိန်းမှုတွေ များပြားနေတာကြောင့် မိဘတွေက ဘာတွေ သိထားသင့်တယ်၊ ခလေးတွေကိုယ်တိုင်ကလည်း အနိမ့်ဆုံး သိထားသင့်တဲ့ အချက်လက်တွေကိုပါ ပညာပေးအစီအစဉ်မှာ ပါဝင်ပြောကြားသွားတယ်လို့ သိရပါတယ်။

Triangle Women အဖွဲ့ကို ၂၀၀၄ ခုနှစ်ကစပြီး တီဘီ လူနာရှင်တွေအတွက် စပြီးထူထောင်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖက်မှု လျှော့ချရေးကို လုပ်ဆောင်နေတာတော့ ၃ နှစ်လောက်ရှိပြီလို့ သိရပါတယ်။

သတင်း ဓာတ်ပုံ ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013