DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တွင် ဗိုလ်ချုပ်ပန်းခြံနှင့် ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ ပြုလုပ်
DVB
·
July 16, 2017
တိုက်ကြီးမြို့နယ်တွင် ဗိုလ်ချုပ်ပန်းခြံနှင့် ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ ပြုလုပ်
1 / 7
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့မှာ ဇူလိုင် ၁၆ ရက်နေ့ မနက် ၁၀ နာရီက ဗိုလ်ချုပ်ပန်းခြံနဲ့ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ပန်းခြံနဲ့ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ကျောင်းသားကျောင်းသူ တွေနဲ့ ဒေသခံပြည်သူလူထု အင်အား ၅၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

“ပန်းခြံက ကျနော်တို့မြို့က ပြည်သူတွေ စုပေါင်းအလှူငွေနဲ့လုပ်တာပါ။ ဗိုလ်ချုပ်ကြေးရုပ်ကို ဦးအောင်ခိုင်ဖောင်ဒေးရှင်းက လှူတာပါ။ တခြားမြို့တွေမှာ ပန်းခြံနဲ့ဗိုလ်ချုပ်ကြေးရုပ်တွေရှိတော့ ကျနော်မြို့မှာလည်း ရှိချင်တာပေါ့။ ဒါကြောင့် မြို့မိမြို့ဖတွေရယ်၊ ပရဟိတအဖွဲ့တွေ၊ လူငယ်တွေနဲ့ ပြည်သူတွေ စုပေါင်းတိုင်ပင်ပြီး အခုလိုပြုလုပ်ရတာ ဖြစ်ပါတယ်။ အရင်က ဇူလိုင် ၁၉ မှာ ဖွင့်ပွဲလုပ်မလို့ပါ။ ဒါပေမယ့် အာဇာနည်နေ့ကျတော့ ပွဲကထပ်လုပ်ဦးမှာဆိုတော့ ဒီနေ့ဖွင့်ပွဲ လုပ်ရတာ”လို့ အဖျောက်မြို့ပရဟိတအဖွဲ့မှ ကိုအောင်ထွန်းလေးက ပြောပါတယ်။

အလှူရှင် ဦးအောင်ခိုင်ဖောင်ဒေးရှင်းမှ ဦးအောင်ခိုင်က “ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးလေ။ နောင်လာနောင်သားတွေနဲ့ မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်နဲ့စေတနာကို သိပြီး အတုယူရအောင် ရည်ရွယ်ပါတယ်။  ဗိုလ်ချုပ် ကြေးရုပ်ကို မန္တလေးမြို့မှာ ပြုလုပ်တာပါ။ ဗိုလ်ချုပ်မျက်နှာနဲ့ တူအောင် ငါးကျပ်တန်ပိုက်ဆံက ပုံကိုယူပြီး ထုထားပြီး အဝတ်အစားက ဗိုလ်ချုပ် ဂျပန်ပြည်ကို စစ်ပညာသင်သွားတုန်းကပုံ ဖြစ်ပါ တယ်။ ကြေးပိဿာချိန် ၄၀၀ ရှိပြီး အမြင့်ပေ ၉ ပေ ၆ လက်မ စုစုပေါင်းတန်ဖိုးငွေ ၁၂၅ သိန်း ကုန်ကျကြောင်း ခုံအမြင့်နဲ့ဆို ၁၅ ပေ ၆ လက်မမြင့်တယ်”လို့  ပြောပါတယ်။

သတင်း - မေသွယ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013