Home
မြန်မာသတင်း
ဖလမ်းမြို့တွင် မြေသားနိမ့်ဆင်းပြီး အိမ် ၄လုံးပြိုကျ
ပိုင်စိုး
·
July 16, 2017
20031809_1981640558642674_3906097988689214789_n
19989619_1981640741975989_4855094471906507193_n
19989552_1981640948642635_7741225934208963802_n
19959386_1981640861975977_7144484712819281735_n
  ချင်းပြည်နယ် ဖလမ်းမြို့မှာ မြေတွေအက်ပြီး နိမ့်ဆင်းသွားတဲ့အတွက် အိမ် ၄ လုံးပြိုကျခဲ့တယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းက အိမ်တွေ ပြိုကျတာဖြစ်ပြီး နောက်ထပ် အိမ် ၈ လုံးကိုလည်း ပြောင်းရွှေ့ပေးလိုက်ရတယ်လို့ သူက ပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က “တောင်ပေါ်ဆိုတော့ မြေပြိုတတ်တယ်လေ။ ခုကတော့ မြေအက်တာ။ သူတို့ ဆွေမျိုးတွေအိမ်မှာ ပြောင်းနေကြပါတယ်။ အိမ်တွေအားလုံး မနေ့ကပဲ ပြောင်းပြီးသွားပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အဲဒီနေရာမှာ ဇူလိုင် ၁၄ ရက်ကစလို့ မြေတွေ ၅ ပေလောက်အထိ နိမ့်ကျလာတာကြောင့် မပြိုတဲ့ အိမ်တွေကိုလည်း ဌာနဆိုင်ရာတွေက ဝိုင်းဖျက်ပေးပြီး ပြောင်းရွှေ့ပေးခဲ့တာပါ။ အိမ်ပြိုသွားခဲ့တဲ့ မိသားစုတစ်စုစီကို ပြည်နယ်အစိုးရက ငွေ ၃ သိန်းကျပ်စီ၊ ပြည်နယ် လူမှုဝန်ထမ်းက တစ်သိန်းကျပ်စီ ထောက်ပံ့ထားတဲ့အပြင် အစားအသောက်၊ အဝတ်အထည်၊ အာဟာရမှုန့်တွေနဲ့ Family Kit တွေ ထောက်ပံ့ပေးထားတယ်လို့လည်း အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ပြောပါတယ်။ ပြီးတော့ ပြောင်းရွှေ့ရတဲ့ အိမ်တွေအတွက် မြေနေရာနဲ့ လိုအပ်တာတွေ စီစဉ်ပေးမယ်လို့လည်း သူက ဆိုပါတယ်။ ဓာတ်ပုံ - Myanmar Fire Services Department  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024