DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် ထိုင်းငွေစက္ကူအတုလုပ်သည့် မြန်မာနိုင်ငံသား ၂ ဦး ဖမ်းမိ
DVB
·
July 16, 2017
ထိုင်းတောင်ပိုင်းတွင် ထိုင်းငွေစက္ကူအတုလုပ်သည့် မြန်မာနိုင်ငံသား ၂ ဦး ဖမ်းမိ
Donate to DVB

ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ်ထဲမှာ ထိုင်းဘတ်ငွေအတုလုပ်တဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ ဘန်ကောက်စီးပွားရေးသတင်းမှာ ဖော်ပြပါတယ်။

ကရပူရီမြို့နယ် မမုရပ်ကွက် နယ်မြေ ၅ ရှိ နေအိမ်တစ်လုံးမှာ မသင်္ကာဘွယ်လူတွေရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက တိုင်ကြားလာတဲ့အတွက် ဇူလိုင် ၁၅ ရက်နေ့က ဆီအုန်းခြံထဲရှိ အဆိုပါ နေအိမ်ကို တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးပြီး ငွေစက္ကူအတုလုပ်တဲ့ စက်နဲ့အတူ လူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ အမှတ် ၂၅ အထူးတိုက်ခိုက်ရေးတပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး ဆာန်တီ ဆကွန်းတနတ်က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ လူ ၂ ဦးမှာ အသက် ၄၅ နှစ်ရွယ် အဒါရ်ကူးမာရ် အမည်ရှိ အိန္ဒိယနွယ်ဘွား မြန်မာနိုင်ငံသား တစ်ဦးနဲ့ အသက် ၅၀ ရှိ နိုင်လေး ခေါ် မြန်မာနိုင်ငံသား တစ်ဦးတို့ဖြစ်ပြီး၊ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့်အထောက်အထားတစ်စုံတရာမရှိကြောင်း၊ သူတို့နေတဲ့ အိမ်ထဲကနေ နံပါတ် 6 อ 3111245 ပါ ဘတ် ၅၀၀ တန် ငွေစက္ကူ ၂ ရွက်၊ နံပါတ် 2 ค 5110111 ပါ ဘတ် ၅၀၀ တန် ငွေစက္ကူတစ်ရွက်၊ ပုံနှိပ်ပရင်တာ တစ်လုံး၊ ရောင်စုံမှင် ၄ ဗူး နဲ့ A4 အမျိုးအစား ဗလာစက္ကူတစ်ထပ် ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦးကတော့ သူတို့ဟာ အဲဒီငွေစက္ကူထုတ်သူ မဟုတ်ကြောင်း၊ လွန်ခဲ့တဲ့ ၆ လက သူတို့ဆီမှာ လာရောက်တည်းခိုနေထိုင်သူ A Jax အမည်ရှိ အိန္ဒိယနိုင်ငံသားတစ်ဦးရဲ့ ပစ္စည်း တွေဖြစ်ပြီး A Jax ကတော့ ဘန်ကောက်ကို သွားနေတယ်လို့ ပြောပါတယ်။

A Jax နဲ့ သူတို့ဟာ တခန်းစီနေကြတဲ့အတွက် သူ့ဆီမှာ အဲဒီပစ္စည်းရှိမှန်းမသိကြောင်း၊ လွန်ခဲ့တဲ့ 3 - 4 ရက်ကတော့ သူ့အခန်းထဲကနေ စက်က မိနစ် ၂၀ လောက် အသံမြည်နေခဲ့ကြောင်း၊ A Jax က ငွေစက္ကူပရင့်ထုတ်နေတယ်လို့ ယူဆကြောင်း ပြောပါတယ်။

တာဝန်ရှိသူတွေကတော့ သူတို့ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ထပ်ကွင်းဆက်တွေ ဆက်လက်စုံစမ်းအရေးယူသွားမယ်လို့ ဗိုလ်မှူးကြီး ဆာန်တီ ဆကွန်းတနတ်က ပြောသွား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013