DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိန်းမှု ပပျောက်ရေးအတွက် မြိတ်တွင် ဆွေးနွေးပွဲ ကျင်းပ
DVB
·
July 16, 2017
သက်ငယ်မုဒိန်းမှု ပပျောက်ရေးအတွက် မြိတ်တွင် ဆွေးနွေးပွဲ ကျင်းပ
1 / 5
Donate to DVB

မြိတ်မြို့မှာ ကလေးသူငယ်တွေ ကာကွယ် စောင့်ရှောက်ရေးနဲ့ သက်ငယ်မုဒိန်းမှု ပပျောက် ရေးအတွက် ဇူလိုင် ၁၅ ရက်နေ့က ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

အသိပညာပေးဆွေးနွေးပွဲကို ပုလဲရတနာခန်းမနဲ့ ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်းတို့မှာ ပြုလုပ်ခဲ့ပြီး ကျောင်းသူ/သားတွေ၊ ဌာနဆိုင်ရာတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ပရဟိတအသင်းတွေအပြင် ဆရာ/မ တွေနဲ့ ဒေသခံများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

“ကလေးသူငယ် ကာကွယ်စောင့်ရှောက်ဖို့နဲ့ သက်ငယ်မုဒိန်းမှု ပပျောက်ရေးအတွက် ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်က ရန်ကုန်မြို့မှာ အမြို့မြို့အနယ်နယ်က ပရဟိတအသင်းတွေကို ဖိတ်ကြားပြီး ကျနော်တို့ ဆွေးနွေးပွဲတခုလုပ်ခဲ့ပါတယ်။ အဲဒီကနေ အနယ်အနယ် အရပ်ရပ်မှာ ပြန်လည်ပြီး ပညာပေးအစီစဉ်တွေ လုပ်နိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာပါ။ အခုမြိတ်မှာ ဆွေးနွေးပွဲတွေ ထပ်လာလုပ်တယ်။ ဒီကနေ အသိပညာပေးတာတွေ နယ်တွေအထိ ရောက်သွားစေဖို့ ရည်ရွယ်တာပါ” လို့ အသိပညာပေးဆွေးသူ ဒေါက်တာဖြိုးသီဟက ပြောကြားခဲ့ပါတယ်။

သက်ငယ်မုဒိန်းအပါအ၀င် မုဒိန်းမှုတွေမှာ အများအားဖြင့် အကြောင်းအရာ ၃ ခုကြောင့် အဖြစ်များကြောင်း တွေ့ရှိထားပြီး ကျား/မခွဲခြားခြင်း ပါဝါကို အလွဲသုံးစားပြုကာ အနိုင်ကျင့်ခြင်း၊ လူ့အခွင့်အရေးကို မလေးစားခြင်းများကြောင့်ဖြစ်ကြောင်း ဒေါက်တာဖြိုးသီဟက ဆိုပါတယ်။

သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးတာတွေအပြင် ဆန္ဒထုတ်ဖော်မှုကို ဇူလိုင် ၁၆ ရက် မြိတ်မြို့မှာ ပြုလုပ်ကြမယ်လို့ ပရဟိတအသင်းတွေက ဆိုပါတယ်။

သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး မြိတ်ခရိုင်အတွင်း မှုခင်းများစွာဖြစ်ပွားခဲ့ရာ ပြစ်ဒဏ်ကို ထိရောက်စွာ ချမှတ်ပေးဖို့လည်း အရပ်ဘက်အဖွဲ့အစည်းများနဲ့ ပရဟိတအသင်းတွေက တောင်းဆိုထားကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013