DVB Logo
Home
မြန်မာသတင်း
အချုပ်ခန်းတန်းစီးက အချုပ်သားစအိုကို တုတ်ဖြင့်ထိုးမှု ပြည်နယ်ရဲမှူးကြီး ရဲတပ်ဖွဲ့ကို သတိပေး
DVB
·
July 16, 2017
အချုပ်ခန်းတန်းစီးက အချုပ်သားစအိုကို တုတ်ဖြင့်ထိုးမှု ပြည်နယ်ရဲမှူးကြီး ရဲတပ်ဖွဲ့ကို သတိပေး
1 / 6
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့မရဲစခန်း အချုပ်ခန်း ၂ မှာ ဇူလိုင် ၆ ရက်နေ့က ခိုးမှုအချုပ်သား ဝင်းအောင်ဦးကို အချုပ်ခန်း တန်းစီး ပိုးကောင်ခေါ် နော်ဆန်းက စအိုကိုတုတ်နဲ့ထိုးတဲ့အမှုနဲ့ ပတ်သက်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက လာရောက်စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို သတိပေးလိုက်ပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ချင်ပြည်နယ် မိုးညှင်းမြို့မ ရဲစခန်း အချုပ်ခန်းကို ဇူလိုင် ၁၅ ရက်မနက် ၁၀ နာရီခွဲမှာ လာရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အချုပ်ခန်း ၆ ခန်းနဲ့ အချုပ်သား ၃၄၃ တို့ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ မိုးညှင်းရဲစခန်းမှ ဒုမြို့နယ်မှူး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ အချုပ်တန်းစီးက အချုပ်သားတစ်ဦးရဲ့ စအိုထဲ ဒုတ်နဲ့ထိုးခဲ့လို့ အရေးပေါ်ဆေးရုံတက် ဗိုက်ခွဲစိတ်ကုသခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့မှ တရားစွဲဆိုခဲ့ရခြင်းအပေါ် အချုပ်သားအချင်းချင်းရန်ဖြစ် အနိုင်ကျင့်တာတွေဟာ တပ်ဖွဲ့ဝင်တွေမှာ တာဝန်ရှိတယ်၊ လက်ထိတ်ခတ်သင့်ရင်ခတ်ရမယ်၊ အချိန်မီ ဘာကြောင့် အရေးမယူ၊ သတင်းမတက်တာလဲ၊ မီဒီယာတွေမှာပါမှ ငါသိရတယ်၊ ဒါတတိယအကြိမ်ဖြစ်တယ်ဆိုပြီး ပြည်နယ် ရဲမှူးကြီးက တပ်ဖွဲ့ဝင်တွေကို သတိပေးခဲ့တာပါ။

မိုးညှင်းအချုပ်ခန်းဟာ အချုပ်သား ၁၅၀ လောက်သာ ကျယ်ပေမယ့် အချုပ်သား ၃၄၃ ယောက် ထည့်ထားရသည့်အတွက် တယောက်အိပ်ရင် တယောက်ထိုင် ဖြစ်နေရတဲ့အတွက် အချုပ်ခန်းတိုးချဲ့ဆောက်လုပ်ပေးဖို့ လိုအပ်နေကြောင်း မိုးညှင်းရဲစခန်းမှ ဒုမြို့နယ်မှူးက ပြောပါတယ်။

သတင်း-မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013