DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ဖွံ့ဖြိုးရေ ယခင်နှစ်ထက် ကျပ်ဘီလီယံ ၃ ဆ ပိုမိုသုံးစွဲမည်
DVB
·
July 15, 2017
မွန်ပြည်နယ်ဖွံ့ဖြိုးရေ ယခင်နှစ်ထက် ကျပ်ဘီလီယံ ၃ ဆ ပိုမိုသုံးစွဲမည်
Donate to DVB

မွန်ပြည်နယ်ဖွံ့ဖြိုးရေ ပြီးခဲ့တဲ့နှစ်ထက် ကျပ်ဘီလီယံ ၃ ဆ ပိုမိုသုံးစွဲသွားမယ်လို့ စီမံကိန်း ဘဏ္ဍာရေး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးက ပြောကြားလိုက်ပါတယ်။

မွန်ပြည်နယ်အတွင်း မွန်ပြည်နယ်အစိုးအရအဖွဲ့ စီမံကိန်းဘဏ္ဍာရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှ ၂၀၁၆-၂၀၁၇ ခုနှစ်ထက် အခုဘဏ္ဍာရေးနှစ်မှာ ကျပ် ဘီလီယံ ၃ ဆပိုမိုသုံးစွဲမယ်လို့ စီမံကိန်းဘဏ္ဍာရေး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၆ ဘီလီယံသုံးစွဲခဲ့ရာ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁၈ ဘီလီယံအထိ ၃ ဆပိုမိုသုံးစွဲမှာဖြစ်လို့ မြို့တွင်း လမ်း၊ တံတား၊ ဈေးတွေကို အဆင့်မြင့်တင်ရေး လုပ်ငန်းတွေမှာ ပြီးခဲ့တဲ့နှစ်ထက် ပိုမိုဖွံ့ဖြိုးလာမယ်လို့ ၀န်ကြီး ဦးဝဏ္ဏကျော်က ဆိုပါတယ်။

မွန်ပြည်နယ်အစိုးအရအဖွဲ့အနေနဲ့ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းမှာပင် တန်ဖိုးနည်း/တန်ဖိုးသင့် အိမ်ရာစီမံကိန်းကို ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူပြီးတာနဲ့ တပြိုင် တည်း အကောင်အထည်ဖော် သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

တန်ဖိုးနည်း/တန်ဖိုးသင့် အိမ်ရာစီမံကိန်းကို မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာမှာ ကျပ် ၅ ဘီလီယံနဲ့ RC ၄ ခန်း တွဲ ၄ ထပ်အဆောက်အဦ အအုံတည်ဆောက်မှာဖြစ်လို့ အများပြည်သူတွေ အဆင်ပြေစွာ နေထိုင်နိုင်ကြမယ်လို့ ပြောပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013