DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ်ရဲတပ်ဖွဲ့က အိမ်ခြေ ၂၅၅ အတွက် သောက်ရေသန့်များ လှူဒါန်း
DVB
·
July 15, 2017
မုံရွာမြို့နယ်ရဲတပ်ဖွဲ့က အိမ်ခြေ ၂၅၅ အတွက် သောက်ရေသန့်များ လှူဒါန်း
1 / 9
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စစ်ပင်ရပ်ကွက်နဲ့ ရွှေပြည်အေး အမှတ် ၇ ရပ်ကွက်တို့အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်ပြီး သောက်သုံးရေခက်ခဲနေတဲ့ အိမ်ခြေ ၂၅၅ အတွက် ရဲတပ်ဖွဲ့က သောက်ရေသန့် လှူဒါန်းခဲ့ပါတယ်။

မြို့နယ်မှုး ရဲမှုးမြင့်ကျော်ဦးဆောင်တဲ့အဖွဲ့ သောက်ရေသန့်ဘူးကြီး ၆၀၀ ကို ဒီနေ့မနက်ပိုင်းက သွားရောက်လှုဒါန်းခဲ့တာပါ။

“အရင်နှစ်တွေကလည်း လှူပါတယ်။ နွေဖြစ်ဖြစ်၊ မိုးဖြစ်ဖြစ် ရေခက်ခဲတယ်ဆိုတိုင်း သွားလှူပါတယ်။ ဒါကလည်း ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းကို ဆောင်ရွက်တာပါပဲ” လို့ ရေလှူသွားရာမှာပါဝင်ခဲ့သူ ရဲအရာရှိတဦးက ပြောပါတယ်။

အခြား ကျေးရွာတွေကိုတော့ သောက်သုံးရေအတွက် ရေသန့်ဆေးပြားတွေကို ကျန်းမာရေးဌာနက ဖြန့်ဝေထားတယ်လို့ သိရပါတယ်။

ဒီနေ့ထိ မုံရွာမြို့မှာတော့ ချင်းတွင်းမြစ်ရေဆက်တက်နေဆဲဖြစ်ပြီး စိုးရိမ်ရေအမှတ်အထက် ၂ ပေခွဲခန့် မြင့်တက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013