DVB Logo
Home
မြန်မာသတင်း
စီစီတီဗွီ ရုပ်သံရှိပေမယ့် မြိတ်မြို့ ယာဉ်တိုက်မှုမှ ထွက်ပြေးသူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေး (ရုပ်သံ)
DVB
·
July 15, 2017
စီစီတီဗွီ ရုပ်သံရှိပေမယ့် မြိတ်မြို့ ယာဉ်တိုက်မှုမှ ထွက်ပြေးသူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေး (ရုပ်သံ)
Donate to DVB

မြိတ်မြို့လယ်ခေါင်ရှိ လူအများရှေ့ ယာာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားသူတွေကို စီစီတီဗွီမှတ်တမ်းတွေ တင်ပြထားပေမယ့်  ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ အတိုက်ခံရသူရဲ့ မိသားစုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ ကန်ဖျားလမ်းမကြီးရှိ လူစည်ကားနေတဲ့နေရာမှာ လမ်းပြောင်းပြန်မောင်းနှင်ပြီး ၀င်ရောက်တိုက်သွားတဲ့ ဆိုင်ကယ်သ မားတွေကို အခုအထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ လွတ်မြောက်နေပါတယ်။

စီစီတီဗွီ မှတ်တမ်းရုပ်သံထဲမှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက် နေ့ ညနေပိုင်းမှာ အသက် ၅၆ နှစ်အရွယ် ဦးလှဝင်းဆိုသူအား အမည်မသိဆိုင်ကယ်စီးလာသူ ၃ ဦးမှ ၀င်ရောက်တိုက်မိပြီး ကူညီရန်ဟန် ပုံစံလုပ်ပြီး ဆိုင်ကယ်နဲ့ မောင်းနှင်ထွက်ပြေးသွားတာကို တွေ့ရှိရပါတယ်။

ဆိုင်ကယ်မောင်းနှင်လာသူ ၃ ဦးမှာ လမ်းပြောင်းပြန် ၀င်တိုက်ခဲ့တာ ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဦးလှဝင်း ၅၆  နှစ်ဟာ အခုချိန်ထိ အခြေနေမကောင်းသေးလို့ မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပို့ဆောင် ဆေးကုသပေးထားရတယ်လို့ ဦးလှဝင်းရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဝင်းက ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

“ဒဏ်ရာဒဏ်ချက်အတော်များပါတယ်။ လက်ကျိုးသွားတဲ့အပြင် ဦးနှောက်သွးခဲတည်သွားတဲ့အတွက် ရန်ကုန်မြို့ကို ပို့ဆောင်ပြီး ကုသပေးထား ရပါတယ်။ ၀င်တိုက်သွားတဲ့ ဆိုင်ကယ်က လိုင်စင်ရှိတဲ့အပြင် နံပါတ်ကိုလည်း မှတ်မိပါတယ်။ ရဲတွေအနေ နဲ့ ကညနကိုအကြောင်းကြားထားတယ်လို့ပဲ သိရပါတယ်။ အခုထိ ရှာဖွေဖမ်းဆီးပေးနိုင်ခြင်းမရှိသေးပါဘူး။”

ယာဉ်တိုက်ပြီး ထွက်ပြေးသွားသူတွေကို ဖမ်းဆီးရမိမှု မရှိသေးတာနဲ့ပတ်သက်လို့ ဒုရဲအုပ်လှမျိုးဝေက “ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်တုန်းက ဆိုင်ကယ်သမားတွေက ချက်ချင်း ထွက်ပြေးသွားတာမဟုတ်ဘဲ ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပြီး မောင်းထွက်သွားတယ်။ ကျနော်တို့ရောက်သွားတော့ အနီးနားက လူတွေကလည်း နံပါတ်ကို မပြောနိုင်ဘူး။ နောက်နေ့ ကျနော်တို့ လိုက်စုံစမ်းတော့ နံပါတ်ရတယ်။ ကညနကို ပေးလိုက်ပြီး လိပ်စာကိုကြည့်လိုက်တော့ ပါရမီရပ်ကွက်လို့ ပြောတယ်။ ဒါပေမယ့် ဆိုင်ကယ်ပိုင်ရှင်တွေက ပြောင်းနေတယ်။ လောလောဆယ်မှာတော့ စုံစမ်းဆဲပေါ့။ နောက်ဆုံး အဲဒီဆိုင်ကယ်ကို လိုင်စင်ပိတ်သိမ်းထားပြီး သက်တမ်းလာတိုးရင် ခေါ်ယူစစ်ဆေးရမှာပါ” လို့ ပြောပါတယ်။

အဆိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှ ( ပ ) ၅၀ /၂၀၁၇ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်ထားပြီး တရားခံတွေကို ဖမ်းဆီးရမိရေးဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013