DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးတွင် မြစ်ရေ၀င်ရောက်မှုကြောင့် ဒေသခံများ အခက်ကြုံ
DVB
·
July 15, 2017
ဆားလင်းကြီးတွင် မြစ်ရေ၀င်ရောက်မှုကြောင့် ဒေသခံများ အခက်ကြုံ
1 / 8
Donate to DVB

လက်ပံတောင်းတောင်ဒေသ၊ ဆားလင်းကြီးမြို့နယ်၊ ရွှေလှေရွာ၊ ညောင်ပင်ကြီး-ဆားလင်းကြီး လမ်းမကြီးဘေးမှာ ချင်းတွင်းမြစ်ရေ ဝင်ရောက်နေလို့ ဒေသခံတွေ နေထိုင်စားသောက်သွားလာရာမှာ အခက်အခဲ ဖြစ်နေပါတယ်။

သက်ဆိုင်ရာက စားရင်းကောက်ယူထားတာတော့ရှိပေမယ့် ၂ ပတ်ကျော်သည်အထိ ဘာထောက်ပံ့မှုမှမရသေးဘူးလို့ ဆိုပါတယ်။

ကလေးငယ်တွေနှင့် သိုး၊ ဆိတ်၊ နွား စတဲ့ တိရစ္ဆာန်တွေကိုတော့ ရေလွတ်ရာကိုပို့ဆောင်ထားပါတယ်။

မီးသတ်တပ်ဖွဲ့ကတော့ သောက်သုံးရေအတွက် နေ့စဉ်လာရောက်ပို့ပေးနေပေမယ့် မရတဲ့သူတွေလည်းရှိနေပါတယ်။

မြို့နယ်ကျေးလက်ကျန်းမာရေးဌာနကတော့ ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် ဆေးခန်းတွေဖွင့်ပြီးဆောင်ရွက်ပေးနေပါတယ်။

စပါးခင်း၊ နှမ်းခင်း၊ ကွမ်းခြံ တော်တော်များများလည်း ပျက်စီးကုန်ပါတယ်။ ကားလမ်း ၂ မိုင်ကျော်က ရေလွှမ်းမိုးခံထားရတဲ့အတွက် သွားလာရေးအတွက်အခက်အခဲဖြစ်နေကြပါတယ်။

လက်ရှိအနေအထားအရ ရေက ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အခုလ ၁၈ ရက်နေ့အထိ စောင့်ကြည့်ဖို့လိုပြီး လိုအပ်တဲ့အစီအမံတွေလုပ်ဆောင်ဖို့ တိုင်းဒေသကြီး မိုးဇလက တိုက်တွန်းအကြံပြုထားပါတယ်။

ရေဘေးက အရင်က ၃ နှစ်မှတကြိမ် ကြုံရပေမယ့် အခုတော့ နှစ်စဉ်ဖြစ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013