DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် ရေကြီးရေလျှံမှုကြောင့် ကျောင်းတချို့ ပိတ်ထား
DVB
·
July 15, 2017
ညောင်လေးပင်တွင် ရေကြီးရေလျှံမှုကြောင့် ကျောင်းတချို့ ပိတ်ထား
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြိ့နယ်မှာ မိုးသည်းထန်စွာရွာသွန်မှုကြောင့် ရပ်ကွက်တချို့ ရေကြီးရေလျှံဖြစ်နေပြီး ဇူလိုင် ၁၄ ရက်က အထက်တန်းကျောင်း တကျောင်း အရေးပေါ် ပိတ်ထားလိုက်ရပါတယ်။

“မနေ့ကညက တဝုန်းဝုန်းနဲ့မိုးရွားတယ်။ အနောက်တောင် ရေက မနက်ခင်းကျမှ ထိုးကျလာတယ်။ တရိပ်ရိပ်နဲ့ အမြန်တက်လာတယ်။ ရေတက်လာတော့ K G တန်းနဲ့ စတုတ္ထတန်းကို မြို့နယ်ပညာရေးမှူး လာကြည့်ပြီး မနက်က အရေးပေါ်ပိတ်လိုက်ရတယ်။ ခုနေ့လယ်လည်း ရေထက်တက်လာလို့ ကျောင်းတကျောင်းလုံးကို ထပ်ပိတ်ထားလိုက်ရတယ်" လို့ အထက  ၂  ကျောင်းမှ ဆရာတဦးက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ သွားလာရခက်ခဲနေပြီး အိမ်အတွင်းပိုင်းထိပါ ရေဝင်ရောက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှေားရောဂါနဲ့ ဖြစ်ပွားမှာနဲ့  မြွေအန္တရာယ်ကိုလည်း စိုးရိမ်းနေကြတယ်လို့ သိရပါတယ်။

သတင်း-ဓာတ်ပုံ

နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013