DVB Logo
Home
မြန်မာသတင်း
ဒီဇိုင်နာအမျိုးသားကို သတ်ပြီး တိုက်ပေါ်က ခုန်ချသူ သေဆုံး (ရုပ်သံ)
DVB
·
July 15, 2017
ဒီဇိုင်နာအမျိုးသားကို သတ်ပြီး တိုက်ပေါ်က ခုန်ချသူ သေဆုံး (ရုပ်သံ)
1 / 5
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်မြောက်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်က ခြောက်လွှာတိုက်ခန်းတခုမှာ ဇူလိုင်လ ၁၅ ရက်နေ့မနက် ၇ နာရီလောက်က အမျိုးသားနှစ်ဦး ရန်ဖြစ်စကားများကြကာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ချိန် အဲဒီ့တိုက်ခန်းက တံခါးဖွင့်သံနဲ့အတူ အသက် ၄၁ နှစ်အရွယ် ဒီဇိုင်နာ ကိုထွန်းထွန်းထူးဆိုသူက  ပတ်ဝန်းကျင်ကို လှမ်းအကူတောင်းသံကြားရသေးကြောင်း၊ အဲဒီတိုက်ခန်း အပေါ်ထပ်နေထိုင်သူတွေက ပြောပါတယ်။

အဲဒီနောက်ပိုင်းတိုက်ပေါ်ကနေ အမျိုးသားတစ်ဦးခုန်ချလာပြီး၊ အောက်ကိုကျတဲ့အချိန်မှာ စကားတချို့ပြောခဲ့သေးကြောင်း မျက်မြင်တဦးကပြောပါတယ်။

“တိုက်ရှေ့ပေါ်မှာ မတ်တပ်ကြီးတွေ့တယ်။ ဥက္ကဋ္ဌက ပြောတယ် မခုန်ချနဲ့ မခုန်ချနဲ့တဲ့။ ပြီးတော့သူက ခုန်ချလိုက်တယ်။ ဥက္ကဋ္ဌက ရဲတွေခေါ်လိုက်တော့ ရောက်လာပြီးတော့ သူ့ကို ကားပေါ်တင်ခေါ်သွားတယ်။ အဲဒါပဲ ကျနော်လည်း သိလိုက်တယ်” လို့ ကိုဝင်းလှိုင်က ပြောပါ တယ်။

သေဆုံးသူဟာ ဒီဇိုင်နာသင်တန်းဖွင့်ထားသူ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။ အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ရဲအရာရှိတဦးကတော့ ဖြစ်စဉ်ကို အသေးစိတ်မသိရသေးတာကြောင့် အသေးစိတ်မပြောနိုင်သေးကြောင်း ဒီဗွီဘီကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အလုံမြို့နယ်ရဲတပ်ဖွဲ့က လူသတ်မှု ပုဒ်မ ၃၀၂နဲ့အမှုဖွင့်ထားပါတယ်။

နောက်ဆက်တွဲ သတင်းတွေအရတော့ ကတ်ကြေးနဲ့ ထိုးသွားခဲ့ကြောင်းကို ပြောသွားတဲ့ တိုက်ပေါ်က ခုန်ချတဲ့ အသက် ၂၆ နှစ်အရွယ် နေမင်းဆိုသူမှာလည်း ဆေးရုံကိုပို့ဆောင်ချိန် သေဆုံးသွားခဲ့တယ်လို့ အလုံမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013