DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် အဝေးပြေးလမ်းနှင့်အနိမ့်ပိုင်းရပ်ကွက်အချို့ ရေလွှမ်း
DVB
·
July 15, 2017
မော်လမြိုင် အဝေးပြေးလမ်းနှင့်အနိမ့်ပိုင်းရပ်ကွက်အချို့ ရေလွှမ်း
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ စီးဆင်းလာမှုကြောင့် ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်နဲ့ ခလောက်အင်းရပ်ကွက်ကြား၊ ရန်ကုန် - မော်လမြိုင် အဝေးပြေးကားလမ်းနဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ဒီကနေ့ မနက်ပိုင်းက ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဇင်းကျိုက်မြို့မှ ဒေသခံတစ်ယောက်က “အခုလို ဖြစ်ပေါ်ရခြင်း အဓိကအကြောင်းအရင်း ကတော့ လမ်းဘေးမြောင်းတွေ ပိတ်ဆို့နေလို့ ကားလမ်းမပေါ်ကို ရေကျော်တာဖြစ်ပြီ ပင်မချောင်းကြီးကလည်း တော်တော်ကိုကျင်းမြောင်းလာလို့ ရေစီးရေလာကို ဟန့်တားနေသလိုဖြစ်နေပါတယ်" လို့ပြောပါတယ်။

ဖြစ်ပွားရာနေရာကို ဇင်းကျိုက်ရဲကင်းစခန်း တာဝန်ရှိသူတွေက ယာဉ်သွားလာမှုလွယ်ကူစေဖို့ ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။ ကားလမ်းရေ လွှမ်းမိုးခြင်းကြောင့် အဝေးပြေးလမ်းမှာ မောင်းနှင်သွားလာနေတဲ့ ယာဉ်တွေ ခေတ္တခဏ ယာဉ်ကြောတွေ ရပ်ဆိုင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013