
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နေလည်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။
မစ္စယန်ဟီးလီဟာ ရှမ်းပြည်နယ်အစိုးရအစီအစဉ်နဲ့ လားရှိုးမြို့ကို ရောက်ရှိလာတာဖြစ်ပြီး ဒေသအာဏာပိုင်တွေ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကအရာရှိကြီးတွေ လားရှိုး အကျဉ်းထောင်မှာ အကျဉ်းကျခံနေသူတွေကို တွေ့ဆုံဖို့ရှိပါတယ်။
နမ္မတူမြို့က စစ်ဘေးရှောင်စခန်းတွေကို သွားရောက်မယ့် ခရီးစဉ်ကတော့ လုံခြုံရေး အခြေအနေအရ ဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီရဲ့(၆)ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို အရင်သွားရောက်ခဲ့တာဖြစ်ပြီး အခု ရှမ်းပြည်နယ် လားရှိုးမြို့ကိုရောက်ရှိလာတာပါ။
ဓာတ်ပုံ- ခွန်ဇော်ဦး











