DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 14, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲတတန်ကို ကျပ် ၈၀၆၀၀၀ ဈေးရှိနေပြီး တတန်ကို ၁၉,၀၀၀ ကျပ် ဈေးကျသွားပါတယ်။

ပဲစဉ်းငုံနီ

ပဲစဉ်းငုံနီတတန်ကို ကျပ် ၆၀၅,၀၀၀ ပေါက်ဈေးရှိနေပြီး တတန်ကို ကျပ် ၇,၅၀၀ ဈေးကျသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီနေ့မှာ တပိဿာကို ကျပ် ၁,၄၀၀ ကနေ ၂၁၆၅ ပေါက်ဈေးရှိပြီး တပိဿာကို ၁၀၀ ကျပ် ဈေးကျသွားပါတယ်။

ကုလားပဲခြမ်း

ကုလားပဲခြမ်းကတော့ တပိဿာကို ၂,၆၅၀ ကျပ်ကနေ ၂၇၀၀ ဈေးရှိနေပြီး တပိဿာကို ၁၀၀ ကျပ် ဈေးကျသွားပါတယ်။

ကုလားပဲလုံး

ကုလားပဲလုံးက တပိဿာကို ဒီနေ့မှာ ၂,၀၀၀ ကျပ် ဈေးရှိနေပြီး ၅၀ ကျပ် ဈေးတက်သွားပါတယ်။

နှမ်းနက်(စမုံ)

မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)အသစ်က ဒီနေ့မှာ တအိတ်ကို ကျပ် ၁၁၅,၀၀၀ မှ ၁၂၅,၀၀၀ ပေါက်ဈေးရှိနေပြီး တအိတ်ကို ကျပ် ၅,၀၀၀ ဈေးတက်သွားပါတယ်။

နှမ်းနက်

နှမ်းနက်ကတော့ တအိတ်ကို ကျပ် ၈၅,၀၀၀ မှ ၁၀၀,၀၀၀ ဈေးပေါက်နေပြီး ကျပ် ၅,၀၀၀ ဈေးတက်သွားပါတယ်။

ပဲဇီးကွက်

မြင်းခြံကုန်စည်ဒိုင်မှာတော့ ပဲဇီးကွက်က တပိဿာကို ကျပ် ၁၂၅၀ ကနေ ၁၂၇၅ ကျပ် ဈေးပေါက်နေပြီး တပိဿာကို ၂၅ ကျပ် ဈေးကျသွားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013