DVB Logo
Home
မြန်မာသတင်း
တအာင်းတပ်ဖွဲ့က ခေါ်ဆောင်သွားသည့် နမ့်ခမ်းရွာသားများအနက် ဆရာမ ၁ ဦး ပြန်လွတ်လာ
DVB
·
July 14, 2017
တအာင်းတပ်ဖွဲ့က ခေါ်ဆောင်သွားသည့် နမ့်ခမ်းရွာသားများအနက် ဆရာမ ၁ ဦး ပြန်လွတ်လာ
Donate to DVB

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ထဲမှာ တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့က ခေါ်ဆောင်သွားတဲ့ မန်ပူးရွာသားတွေထဲက ကျောင်းဆရာမတဦး ပြန်လွတ်လာပြီး ကျန်သူတွေကိုလည်း ပြန်လွှတ်ပေးဖို့  တအာင်းအမျိုးသားပါတီ လွှတ်တော်အမတ်က  ပြောပါတယ်။

နမ့်ခမ်းမြို့နယ် တအာင်းအမျိုးသားပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က “ပြန်လွှတ်စေချင်တယ်ပေါ့နော်၊ ကျနော်တို့လည်း ခက်တာက တီအန်အယ်လ်အေနဲ့ တိုက်ရိုက်ဆက်သွယ်လို့မရပါဘူး၊ ပုဒ်မ ၁၇ ( ၁ ) ဆိုတာ ရှိသေးတယ်လေ။ ဒါကြောင့် လူမှုကူညီရေးအဖွဲ့ကနေတဆင့် အကူအညီတောင်းထားတယ်၊ သူတို့လည်း အခုချိန်ထိ ဘာမှအကြောင်းပြန်မလာသေးဘူး” ဒီဗွီဘီကို ပြောပါတယ်။

မန်ပူးရွာသား ၁၆ ဦးနဲ့ ဆရာမတဦးကို တီအန်အလ်အေ တအာင်းပလောင်တပ်ဖွဲ့က  ဇူလိုင် ၈ ရက်နေ့က ခေါ်ဆောင်သွားခဲ့တာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ နမ့်ခမ်းမြို့ပေါ် ကျောင်းလာတက်နေတဲ့ ကျောင်းသားတဦးရဲ့ ဖခင်ပါဝင်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က ပြောပါတယ်။

“ကျနော်တို့သိရသလောက်ပေါ့နော်၊ သူတို့က သက်ကြီးရွယ်အိုတွေ၊ မိဘတွေကို ခေါ်သွားတာ။ စစ်သားစုဆောင်းတဲ့အဖွဲ့က ဒီကလေးတွေရပြီးမှ မိဘတွေ ပြန်လွှတ်ပေး မယ့်သဘောပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးတွေက တချို့က လူရွယ်လူလတ်ပိုင်း၊ တချို့ ကလည်း တခြားဒေသမှာ အလုပ်သွားလုပ်တယ်၊ ကျောင်းသားတွေလည်း ရှိတယ်၊ ကလေးတွေ ခေါ်လို့မရလို့ အဖေအမေတွေခေါ်သွားတဲ့သဘောပေါ့၊ တချို့ကလည်း အမပေါ့နော်။ ဒီလ ၁၁ ရက်နေ့က နမ့်ခမ်းမှာရှိတဲ့ အဆောင်မှူးက  ကျနော်တို့ဆီလာပြီး အကူအညီတောင်းတယ်၊ ကျောင်းသားလေးတယောက်ပါ တပါတည်းခေါ်လာတယ်၊ အဲဒီကလေးက နမ့်ခမ်းမြို့မှာ ဆယ်တန်းကျောင်းသား၊  ကျောင်းတက်နေတာပေါ့ အဆောင်မှာ  ဒီကလေးကို စစ်မှုထမ်းဖို့ခေါ် တယ်လို့ ကျနော်တို့သတင်းရထားတယ်၊ အဲဒီတော့ သူတို့မိဘခေါ်သွားတာကို သူတို့အနေနဲ့ အကူအညီတောင်းတယ်၊ မိဘတွေကို ပြန်လွှတ်စေချင်တယ်ပေါ့နော်။”

ဖမ်းဆီးခံရသူတွေထဲက ကျောင်းဆရာမကတော့ ပြန်လွတ်လာပြီဖြစ်ကြောင်း၊ အဆိုပါ ဆရာမရဲ့ မောင်ဖြစ်သူကို တီအန်အယ်လ်အေထဲဝင်ဖို့ ခေါ်တာမရလို့ ခေါ်သွားတာဖြစ်ပြီး ဘယ်လို ပြန်လွတ်လာသလဲဆိုတာတော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်ကတော့ ရပ်မိရပ်ဖတွေကို ဆွေးနွေးဖို့ ခေါ်ယူသွားတာဖြစ်ပြီး အားလုံးကို ပြန်လွှတ်ခဲ့ကြောင်း၊ အမျိုးသမီးတွေကတော့ မိုးချုပ်လို့ နောက်တနေ့မှ ပြန်သွားကြောင်း ဇူလိုင် ၁၃ ရက်က  ဒီဗွီဘီကို  ပြောပါတယ်။

ဓာတ်ပုံ- PSLF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013