DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၀၀ ကျော်ရှိနေ
DVB
·
July 14, 2017
နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ  ၂၀၀ ကျော်ရှိနေ
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ  နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း  ၂၀၁၇ ဇွန်လကုန်မှာ  ၂၁၂ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံက) ထုတ်ပြန်ပါတယ်။

နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၁ ဦး အကျဉ်းကျခံနေရပြီး  တက်ကြွလှုပ်ရှားသူ ၄၉ ဦးဟာ  ထောင်တွင်းမှ တရားရင်ဆိုင်နေရကာ ၁၂၂ ဦးကတော့  ထောင်ပြင်ပမှနေပြီး  တရားရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာတော့  တိုင်းရင်းသားဒေသတွေက တိုင်းရင်းသား ၁၅ ဦး၊ လယ်သမား ၈ ဦး၊ သတင်းထောက် ၄ ဦး၊ အယ်ဒီတာ ၁ဦးနဲ့ အရပ်သား ၅ဦးတို့ အပါအဝင် စုစုပေါင်း ၃၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဇွန်လအတွင်း  ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၁၁၄နဲ့  လယ်သမား ၈ ဦး၊ ငြိမ်းစုစည် ဥပဒေ ပုဒ်မ ၁၉နဲ့ လက်ပံတောင်းဒေသခံ လယ်သမား ၄ဦး၊ ကချင်တိုင်းရင်းသား ၂ဦးတရားစွဲခံခဲ့ရတဲ့အပြင် မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ သတင်းထောက် ၃ဦး အရပ်သား၃ဦး၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ သတင်းထောက် ၄ဦး၊ အယ်ဒီတာ ၁ဦး၊ အရပ်သား၁ဦး၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၅၃၊ ၂၂၈ တွေနဲ့ လယ်သမားအရေးလှုပ်ရှားသူ ရှေ့နေ၁ဦး စုစုပေါင်း ၂၇ ဦး တရားစွဲဆိုခံခဲ့ရတယ်လို့ အေအေပီပီအဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံ-AAPPB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013