
ချင်းပြည်နယ် ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာ မြေပြိုမှုတွေဖြစ်ပွားခဲ့တာကြောင့် လူနေအိမ်(၇)လုံးက မိသားစုတွေဟာ အနီးနားက ဆွေမျိုးအိမ်တွေကို ပြောင်းရွှေ့ခဲ့ကြရတယ်လို့ ခရိုင်ပြန်ဆက်က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၃ ရက် ညနေပိုင်းကတည်းက မိုးရွာသွန်းမှုကြောင့် မြေအက်ကွဲတာနဲ့ မြေပြိုကျတာတွေ ဖြစ်လာပြီး နေအိမ်တွေပြိုကျနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ပြောင်းရွှေ့ရတာလို့ဆိုပါတယ်။
မြေအက်ကွဲတဲ့နေရာကို ဖလမ်းခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြိုမှုကို ထိန်းသိမ်းနိုင်ဖို့ မြေထိန်းနံရံပြုလုပ်ပေးထားတယ်လို့သိရပါတယ်။
ဓာတ်ပုံ- ဖလမ်းခရိုင် ပြန်/ဆက်











