DVB Logo
Home
မြန်မာသတင်း
အီလက်ထရွန်းနစ် ထီစနစ်အပါအ၀င် အစိုးရအောင်ဘာလေထီ ဥပဒေကြမ်း တင်သွင်း
DVB
·
July 14, 2017
အီလက်ထရွန်းနစ် ထီစနစ်အပါအ၀င် အစိုးရအောင်ဘာလေထီ ဥပဒေကြမ်း တင်သွင်း
Donate to DVB

ပြည်တွင်း၊ ပြည်ပ အကျိုးတူဆောင်ရွက်နိုင်တဲ့ အီလက်ထရွန်းနစ် ထီစနစ်အပါအ၀င် အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ဇူလိုင် ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စီမံကိန်းနှင့် ဘဏ်ဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဥပဒေကြမ်းတင်သွင်းလိုက်တာပါ။

“ဒီလို အစိုးရအောင်ဘာလေထီ ဥပဒေ ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က အောင်ဘာလေသိန်းဆုခွန်ကို ဥပဒေနဲ့ အညီကောက်ခံနိုင်ဖို့၊ လက်ရှိ အကောင်အထည်ဖော်နေတဲ့ ထီလက်မှတ်စနစ်အပြင် အီလက်ထရွန်းနစ်ထီ စနစ်ကိုလည်း ဥပဒေနဲ့အညီ အကောာင်အထည်ဖော်နိုင်ဖို့ ဖြစ်ပါတယ်။”

ဥပဒေကြမ်းအရ ၀န်ကြီးဌာနဟာ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အီလက်ထရွန်းနစ်ထီ လုပ်ငန်းကို တည်ဆဲဥပဒေတွေအရ ပြည်တွင်း၊ ပြည်ပကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်း သို့မဟုတ် ပုဂ္ဂလိကတွေနဲ့ အကျိုးတူ ဆောင်ရွက်နိုင်တယ်လို့ ပါရှိပါတယ်။

ဥပဒေပြဋ္ဌာန်းပြီးပါက အီလက်ထရွန်းနစ်ထီ စနစ်ကို ထီကံစမ်းလိုသူတွေအနေနဲ့ ကြိုက်နှစ်သက်ရာ ထီနံပါတ်ကို တတ်နိုင်တဲ့ ပမာဏနဲ့ ၀ယ်ယူကံစမ်းနိုင်တာ၊ ထီလက်မှတ်ရောင်း ဈေးကို သတ်မှတ်ဈေးနဲ့ ၀ယ်ယူ ကံစမ်းနိုင်တာ၊ ထီဈေးကွက်ကျယ်ပြန့်လာနိုင်တာ၊ အောင်ဘာလေ သိန်းဆုခွန်ခေါင်းစဉ်ကနေ အခွန်ဘဏ္ဍာ ပိုမိုတိုးတက်ရလာနိုင်တာ စတဲ့အကျိုးကျေးဇူးတွေ ရလာနိုင်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အစိုးရအောင်ဘာလေထီကို ၁၉၃၈ ခုနှစ်ကတည်းက ထုတ်ဝေရောင်းချခဲ့ပြီး အောင်ဘာလေ သိန်းဆုခွန်ကောက်ခံခြင်းဆိုင်ရာ ထီလက်မှတ်ထုတ်ဝေတာ၊ ဖြန့်ဖြူးရောင်းချတာ၊ ထီဆုငွေထုတ်ပေးတာတွေကို အမိန့်ညွန်ကြား ချက်တွေနဲ့သာ ထုတ်ပြန်ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။

အခုတင်သွင်းတဲ့ အစိုးရ အောင်ဘာလေထီဥပဒေကြမ်းမှာ အဥပဒေမှာ အခန်း ၇ ခန်း၊ ပုဒ်မ -၂၂ ခုပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013