DVB Logo
Home
မြန်မာသတင်း
အရင်တုန်းက ရဲမဟုတ်ဘူး၊ မင်းပိုက်ဆံ သိန်း ၁ ထောင်ပုံပေးလည်း မယူဘူး - စိုင်းမျိုးထက် (ရုပ်သံ)
DVB
·
July 14, 2017
အရင်တုန်းက ရဲမဟုတ်ဘူး၊ မင်းပိုက်ဆံ သိန်း ၁ ထောင်ပုံပေးလည်း မယူဘူး - စိုင်းမျိုးထက် (ရုပ်သံ)
Donate to DVB

မန္တလေးခရိုင်တရားရုံး အချုပ်ခန်းကနေ ထွက်ပြေး မူးယစ်တရားခံကို လိုက်လံဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ရေပန်းစားနေပြီး သူ့ရဲ့ ပြုမူပုံကို ဝိုင်းဝန်းချီးကျူးနေကြပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် မနက်ပိုင်း မန္တလေးဗဟိုအကျဉ်းထောင်ကနေ ချမ်းအေးသာစံမြို့နယ် မန္တလေးခရိုင်တရားရုံး အချုပ်ခန်းကို အချုပ်ကားနဲ့ အချုပ်ကျတဲ့သူ ၄၀ လောက်အား ပို့ဆောင်စဉ် မူးယစ်မှုနဲ့ အချုပ်ကျနေသူ နှစ်ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့တာပါ။

ခရိုင်တရားရုံးအချုပ်ခန်းအတွင်း နှစ်ယောက်တတွဲ ပို့ဆောင်နေစဉ် မောင်မောင်ငယ်နဲ့ မျိုးဇော်ထွန်းတို့ ထွက်ပြေးခဲ့ကြတာလို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

ထွက်ပြေးသူနှစ်ဦးထဲက မောင်မောင်ငယ်အား ချက်ချင်းပြန်လည်ဖမ်းဆီးမိခဲ့ပေမယ့် မျိုးဇော်ဦးကတော့ တရားရုံးအပြင်ဘက်မှာ ရပ်ထားတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ရုပ်သံဖိုင်ထဲမှာ တရားခံကို လိုက်ဖမ်းခဲ့တဲ့ ရဲဒုတပ်ကြပ် စိုင်းမျိုးထက်က "လူတိုင်း မိသားစုနဲ့ပဲကွ၊ မင်းအပြစ်မလုပ်ရင် မင်းထောင်မကျဘူး။ မင်းကြောင့် ငါတို့မိသားစုတွေရဲ့ အားလုံး ဘဝပျက်သွားမယ်ကွ။ အရင်တုန်းက ရဲမဟုတ်ဘူး။ ရှင်းလား မင်းပိုက်ဆံ ဒီအချိန်မှာ သိန်းတထောင်ပုံပေးလည်း မယူဘူး ...ရှင်းလားဟေ့ရောင်" လို့ ပြောပါတယ်။

လိုက်လံ ဖမ်းဆီးရာမှာ ကူညီပေးခဲ့တဲ့ ရပ်ကွက်ထဲက ပြည်သူတွေကိုလည်း ရဲဒုတပ်ကြပ် စိုင်းမျိုးထက်က  ရှိခိုးကန်တော့ပြီး ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရုပ်သံ - 楊順 ဖေ့စ်ဘွတ်ခ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013