DVB Logo
Home
မြန်မာသတင်း
မုတ္တမတွင် ဓာတ်မြေသြဇာအိတ်များဖြင့် ဖုံးအုပ်သယ်လာသည့် ကျွန်းသစ်များဖမ်းမိ
DVB
·
July 14, 2017
မုတ္တမတွင် ဓာတ်မြေသြဇာအိတ်များဖြင့် ဖုံးအုပ်သယ်လာသည့် ကျွန်းသစ်များဖမ်းမိ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ သံလွင်တံတားထိပ်တွင် ဇူလိုင်လ ၁၄ ရက်နေ့မနက်ပိုင်းက ဓာတ်မြေသြဇာအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာတဲ့ ကျွန်းသစ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲစခန်းက ပြောပါတယ်။

မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ သံလွင်တံတားထိပ် မုတ္တမဘက်ခြမ်းမှာ ရန်ကုန်ကနေ မော်လမြိုင်ဘက်လာတဲ့ မသင်္ကာဖွယ် ကုန်တင်ယာဉ်တစီးကို စစ်ဆေးစဉ် ယာဉ်မောင်း အောင်မြတ်မော်နဲ့ ယာဉ်နောက်လိုက် ဇော်လင်း မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ပေါ်မှာ ဓာတ်မြေသြဇာအိတ် တွေ၊ မုန့်ဖာတွေနဲ့ ဖုံးအုပ်သယ်လာတဲ့ ကျွန်းခွဲသား ဆိုဒ်စုံ ၁၀၁ ချောင်း၊ ကာလတန်ဖိုး ကျပ်သိန်း (၂၀) ဖိုးလောက်ကို ဖမ်းဆီးရမိခဲ့တာပါ။

မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မင်းကြည်က “ကျနော်တို့ နယ်မြေလှည့်ကင်း aဆာင်ရွက်နေတဲ့အချိန်မှာ ကားကိုမသင်္ကာဖြစ်နေလို့ သက်သေတွေနဲ့ တပ်ဖွဲ့ဝင်တွေ စစ်ဆေးတော့ ဓာတ်မြေသြဇာအိတ်တွေ မုန့်အိတ်တွေနဲ့ဖုံးသယ်လာတဲ့ ကျွန်းသစ်တွေ့လို့ ဖမ်းဆီးထားပါတယ်''လို့ ပြောပါတယ်။

မုတ္တမနယ်မြေရဲစခန်းက အောင်မြတ်မော်နဲ့ဇော်လင်းတို့ ၂ ဦးကို (ပ) ၉၃ /၂၀၁၇ ပြည်သူပိုင်ကာကွယ်ရေးဥပဒေပုဒ်မ ၆ (၁) နဲ့အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013