DVB Logo
Home
မြန်မာသတင်း
ချစ်တွင်းမြစ်ရေတက်နေမှုကြောင့် ကုန်တင်ရေယာဉ်များ သွားလာခွင့် ပိတ်
DVB
·
July 14, 2017
ချစ်တွင်းမြစ်ရေတက်နေမှုကြောင့် ကုန်တင်ရေယာဉ်များ သွားလာခွင့် ပိတ်
Donate to DVB

ချစ်တွင်းမြစ်ရေတက်နေတာကြောင့် စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ ကုန်တင်ရေယာဉ်များ သွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

“ပိတ်တာက တပတ်လောက်ရှိနေပြီ။ ချင်းတွင်းမြစ်ရေကလည်း တက်နေတယ်။ ကျနော်တို့ နားတာ ၂ ရက်တော့ ရှိပြီ။ နားထားရတာ ကြာလာတော့ စားစရိတ်ပြတ်တော့မယ်" လို့ မင်းကင်း ရေယာဉ်စစ်ဆေးရေး ဂိတ်မှာ ပိတ်မိနေတဲ့ သစ်လွင် ကုန်တင်ရေယာဉ်က ကိုကျော်ရဲလွင်က ပြောပါတယ်။

ကုန်တင်ရေယာဉ်တွေကို ပြီးခဲ့တဲ့ ၈ ရက်နေ့ကစတင်ပြီး သွားလာခွင့်ပိတ်ခဲ့တာ ဖြစ်ပြီး မြစ်ရေကျချိန် ၁၈ ရက်နေ့ထိ ခန့်မှန်းပြီး ကုန်တင် ရေယာဉ်တွေကို ရေယာဉ်အန္တရာယ်ကင်းဖို့ ယာယီပိတ်ဆို့မှာ ဖြစ်တယ်လို့လဲ ရေယာဉ်စစ်ဆေးရေးဌာနပြောပြချက်အရ သိရပါတယ်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့က ရေယာဉ်အန္တရာယ် ကင်းရှင်းရေး ၈ ရက်ကနေ ၁၆ ထိ ပိတ်ဖို့ရာထားညွှန်ကြားထားပါတယ်။ ဒါကလည်း မြစ်ရေတက်နေတဲ့ အတွက် ရေယာဉ်တွေ အန္တရာယ်ကင်းဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်" လို့ ရေယာဉ်စစ်ဆေးရေးဂိတ်က ရဲအရာခံ မင်းထွန်း က ဆိုပါတယ်။

ချင်းတွင်း မြစ်ရေ ကြီးမှုကြောင့် ဇူလိုင်လ ၁၄ ရက်ထိ ရေယာဉ် ရပ်နားထားမှု ၁၈ စီးရှိနေပြီး ၅ ရက်ထိ အကြာဆုံး ပိတ်မိနေတဲ့ရေယာဉ်တွေရှိနေပြီး နားခိုင်းထားစဉ် စစ်ဆေးရေးအဖွဲ့မသိဘဲ ထွက်သွားတာ ဖြစ်မှာစိုးတဲ့အတွက် ရေယာဉ်လိုင်စင်ကို ယာယီ ထိန်းသိမ်းထားတယ်။

၂၀၁၇ ခုနှစ်ကနေ စတင်ပြီး ယခုလို ကုန်မော်တော်ပိတ်ဆို့မှု စတင်ခဲ့တာ ဖြစ်ပြီး ယခင်က အမြန်ယာဉ် ဝန်ပို၊ လူပို စစ်ဆေးခြင်းနဲ့ ပိတ်ဆို့မှုတွေသာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013