DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် လူငယ် ၄ ဦး ရေဆင်းချိုးရာမှ ၁ ဦးပျောက်ဆုံးနေ
DVB
·
July 14, 2017
မုံရွာတွင် လူငယ် ၄ ဦး ရေဆင်းချိုးရာမှ ၁ ဦးပျောက်ဆုံးနေ
Donate to DVB

မုံရွာမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ ညောင်ကိုင်းအင်း ရေသွင်းပေါက်အနီးမှာ ဇူလိုင် ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်က  လူငယ် ၄ ယောက် ရေဆင်းချိုးရာကနေ အသက် ၁၈ နှစ် အရွယ် မောင်ရဲမင်းဇော် ဆိုသူ ရေနစ်ပြီး ပြန်ပေါ်မလာတော့တဲ့အတွက် မုံရွာခရိုင် မီးသတ်တပ်ဖွဲ့က ရှာဖွေရေးတွေပြုလုပ်နေပါတယ်။

အခင်းဖြစ်ပြီးချိန်ကစလို့ ခရိုင်မီးသတ်ဦးစီးမှုး ဦးအောင်ခင်ဆင့် ဦးစီးကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော်က ည ၁၀ နာရီခွဲ အချိန်ထိ ရှာဖွေတာတွေ ပြုလုပ်နေပေမယ့် ရှာဖွေမတွေ့တာကြောင့် ရပ်နားခဲ့ရပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၆ နာရီကနေ စတင်ကာ ရေငုပ်သမား ၄ ဦးနဲ့ ရှာဖွေရေးတွေ ပြုလုပ်နေပေမယ့် အခုအချိန်ထိ မတွေ့ရှိသေးပါဘူး။

ပျောက်ဆုံးနေသူကတော့ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်၊ ရွှေကုန်းရပ်နေ အဘ ဦးပူတူး၊ အမိ ဒေါ်ပပလှိုင်တို့ရဲ့သားဖြစ်တယ်လို့သိရပါတယ်။

ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်ချိန် စုစုပေါင်း ၁၂ နာရီခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ အင်းစပ်မှာလည်း မနေ့ကတည်းက လာကြည့်သူတွေ များပြားနေပါတယ်။

ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကတော့ ရေငုပ်ရှာဖွေတာ၊ ဝါးနဲ့ထိုးရှာဖွေတာ၊ ချိတ်နဲ့ချိတ်ရှာဖွေတာတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013