DVB Logo
Home
မြန်မာသတင်း
အက်ဖ်ဒီအေ ​ထောက်​ခံချက်မ​ရှိသည့် ကျိုင်းတုံ​ ​သောက်​​ရေသန့်​စက်​ရုံ ၂ ခုကို ဖျက်သိမ်း
DVB
·
July 14, 2017
အက်ဖ်ဒီအေ ​ထောက်​ခံချက်မ​ရှိသည့် ကျိုင်းတုံ​ ​သောက်​​ရေသန့်​စက်​ရုံ ၂ ခုကို ဖျက်သိမ်း
Donate to DVB

ကျိုင်းတုံမြို့ရှိ သောက်ရေသန့်စက်တွေကို ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) ရဲ့ ထောက်ခံချက်မရှိတဲ့ သောက်ရေသန့်စက်ရုံ ၂ ခုကို ပိတ်သိမ်းလိုက်ကြောင်း အက်ဖ်ဒီအေက ပြောပါတယ်။

သောက်ရေသန့်စက်ရုံ ၂ ခုဟာ အက်ဖ်ဒီအေ ထောက်ခံချက်မရှိပဲ ရောင်းချနေပြီး ထောက်ခံချက်လျှောက်ထားဖို့ ကြိုတင်အသိပေးအကြောင်းကြားထားပေမယ့် ၂ လအထိ လျှောက်ထားခြင်းမရှိလို့ ထုတ်လုပ်ရောင်းချနေတာကို ကွင်းဆင်းစစ်ဆေးတွေ့ရှိတာကြောင့် ထုတ်လုပ်ရောင်းချခွင့်ကို အက်ဖ်ဒီအေက ပိတ်သိမ်းခဲ့တာဖြစ်ကြောင်း ပူးပေါင်းအဖွဲ့ဝင် ကျိုင်းတုံခရိုင်စားသုံးသူဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းစိုးက ပြောပါတယ်။

ပိတ်သိမ်းခံရတဲ့ ရေသန့်စက်ရုံ ၂ ခုမှာ ကတ်တောင်ကျေးရွာရှိ စိန်လင်းလက် သောက်ရေသန့်စက်နဲ့ ကတ်ဖကျေးရွာရှိ စိတ်စွမ်းအား သောက်ရေသန့်စက်တို့ဖြစ်ပါတယ်။

"အဲ့ဒီရေသန့်စက်တွေက အက်ဖ်ဒီအေရဲ့ စည်းမျဉ်းအတိုင်း ထုတ်လုပ်ရောင်းချတာ မဟုတ်ပါဘူး" လို့ ဦးသန်းစိုးက ပြောပါတယ်။

ကျိုင်းတုံမြို့မှာ စုစုပေါင်း ရေသန့်စက်ရုံ ၁၄ ခုရှိပြီး ဒီနေ့မှာ ပူးပေါင်းအဖွဲ့တွေက စက်ရုံ ၄ ခုကိုသာ စစ်ဆေးခဲ့ကာ ကျန်ရှိ သောက်ရေသန့်စက်ရုံတွေကိုလည်း ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

သားသား

ဓာတ်ပုံ-စားသုံးသူရေးရာဦးစီးဌာန

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013