Home
မြန်မာသတင်း
ကျိုက်ထိုတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၄ ဦးဒဏ်ရာရ
DVB
·
July 13, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇူလိုင် ၁၃ ရက် မနက်ပိုင်းက ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲက ပြောပါတယ်။ ကျိုက်ထိုမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမြင့်ဌေးက “ယာဉ်မောင်းက အိပ်ငိုက်လို့ ကားကလမ်းဘေးကျပြီး လမ်းဘေးက သစ်ပင်ကို ပွတ်တိုက်သွားတာနဲ့ လမ်းပေါ်ပြန်ရောက် အောင်ဝိုက်ရာကနေ မှောက်သွားတာ။ ကားကကုန်စိမ်းတွေတင်လာတာ။ ကားပေါ်ပါ ခရီးသည် ၄ ဦးဒဏ်ရာရတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးနေတယ်။ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေပါတယ်” လို့ပြောပါတယ်။ ပဲခူးကနေ ကျိုက်ထိုကို ယာဉ်မောင်း ဇင်သူမောင်းနှင်လာတဲ့ ဟိုင်းလတ်ယာဉ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၀၆/၁ နဲ့ ၁၀၆/၂ အကြားအရောက် ယာဉ်မောင်း အိပ်ငိုက်ပြီး ကားမှာ လမ်းဘေးထိုးကျကာ လမ်းဘေးရှိ သစ်ပင်အား ပွတ်တိုက်မိပြီး တိမ်းမှောက်သွားခဲ့တာလို့ ဆိုပါတယ်။ ကျိုက်ထိုမြို့မရဲစခန်းက ယာဉ်မောင်းဖြစ်သူ ဇင်သူ(စုံစမ်းဆဲ)ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၇၉/၃၃၇/၃၃၈ နဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024