DVB Logo
Home
မြန်မာသတင်း
ကျေးရွာချင်းဆက်​ လမ်းပျက်​စီး​နေမှု​ကြောင့် ကျောင်းသား​ကျောင်းသူများ သွားလာ​ရေး ခက်​ခဲ
DVB
·
July 13, 2017
ကျေးရွာချင်းဆက်​ လမ်းပျက်​စီး​နေမှု​ကြောင့် ကျောင်းသား​ကျောင်းသူများ သွားလာ​ရေး ခက်​ခဲ
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ ဟသာင်္တခရိုင်၊ နိဗ္ဗာန်တိုက်နယ်အတွင်းက နတ်မော်-ကိုင်းတောကွင်းလမ်း ပျက်စီးနေမှုကြောင့် ကျောင်းသားကျောင်းသူတွေ သွားလာရေး ခက်ခဲနေပါတယ်။

“အဓိကအခက်အခဲကတော့ ပညာရေးပေါ့။ နေ့စဉ်နေ့တိုင်း သွားလာနေရတဲ့ ကလေးတွေက နေ့တိုင်းအခက်အခဲဖြစ်နေတယ။ KG ပါတယ်၊ မူကြိုပါတယ်။ အခုနောက်ပိုင်းဆို ဒီလမ်းကြောင့် ကလေးတွေတောင် ပါးသွားပြီ။ နတ်မော်ကျောင်းသွားတက်နေရတဲ့ ကလေးတွေလည်း အဆင်မပြေဘူး။ မနက်ကဆို ကလေးတယောက် တာပေါ်က ပြုတ်ကျသွားတယ်။ စာအုပ်တွေ လွယ်အိပ်တွေရေစို အဲဒီလိုအမြဲဖြစ်နေတယ်” လို့ အ.လကခွဲ ကွမ်းခြံကုန်းက ဆရာမဒေါ်သန်းသန်းဌေးက ပြောပါတယ်။

နတ်မော်ကိုင်း တောကွင်းလမ်းဟာ ကျောင်းသားကျောင်သူ ၂၀၀ ကျော်လောက် သွားလာနေရတဲ့ လမ်းဖြစ်ပါတယ်။

“အခုလောလောဆယ် ကျောင်းသားတွေ ဒုက္ခရောက်နေကြတယ်။ တောင်သူတွေလည်း သယ်ယူပို့ဆောင်ရေး အဆင်မပြေဘူး။ ဒီလမ်းကိုအသုံပြုပြီး ကျောင်းသွားတက်နေရတဲ့ ကျောင်းသားဦးရေ ၂၀၀ ကျော်လောက်ရှိပါတယ်” လို့ လဟာကကျေးရွာက ဒေသခံ ဦးစိုးနိုင်ထွန်းက ပြောပါတယ်။

“ကားလမ်းလည်း အဆင်မပြေဘူး။ ကုန်ပစ္စည်းတွေသယ်ရတာလည်း အဆင်မပြေဘူး။ ဆိုင်ကယ်ဆိုရင်လည်း မောင်းမရဘူး။ အမျိုးမျိုးခက်ခဲနေတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒီလမ်းလေးကို ပြင်ပေးစေချင်တယ်။ အကောင်းကြီးမဟုတ်တောင် သွားရရုံလေးဆို အဆင်ပြေပါတယ်။ အခုဟာကသွားဖို့တောင် အခက်အခဲရှိနေတဲ့အတွက်ကြောင့်ပါ” လို့ ကိုင်းတောကွင်းကျေးရွာက ဒေသခံ ကိုဆန်းမင်းဦးက ပြောပါတယ်။

နတ်မော်-ကိုင်းတောကွင်းလမ်းဟာ ကျေးရွာ ၁၂ ရွာကျော် အဓိက သွားလာနေတဲ့ လမ်းတခုဖြစ်ပါတယ်။

ထက်ဝေလင်း၊ ဓာတ်ပုံ-ဆန်းမင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013