DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၄၀ကျော်ဖွင့်လှစ်ထားရ
DVB
·
July 13, 2017
စစ်ကိုင်းတိုင်းတွင် ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၄၀ကျော်ဖွင့်လှစ်ထားရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ချင်းတွင်းမြစ်ရေကြီးနေတာကြောင့်  ရေဘေးသင့်နေသူပေါင်း   ဇူလိုင်လ ၁၃ ရက်နေ့ထိ ၁၄၂၀၇ ဦးရှိပြီလို့  စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကသိရပါတယ်။

ရေဘေးသင့် အိမ်ထောင်စုအနေနဲ့ ၃၀၃၁ စုရှိပြီး ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်နဲ့ ကလေးဝမြို့တွေမှာတော့ ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတာ စုစုပေါင်း ၄၁ ခုထိရှိနေပြီ ဖြစ်ပါတယ်။

ရေဘေးကြောင့် စာသင်ကျောင်းပေါင်း ၁၉၀ ကျော်လည်း ပိတ်ထားရသလို ရေဝင်ဒေသတွေမှာ လယ်ယာမြေစုစုပေါင်း ဧက ၁၅၀၀၀ကျော် ရေလွှမ်းမိုးခံထားရပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် အစိုးရက ထောက်ပံ့နေတာ ကျပ်သိန်းပေါင်း ၂၉၀ ကျော်ရှိသွားပြီး ပြင်ပအလှုရှင်အနေနဲ့ ရွှေတောင်ကုမ္ပဏီက ကျပ်သိန်း ၅၀၀ လှူဒါန်းထားတယ်လို့ တိုင်း လူကယ်ပြန်ဌာန  ညွှန်ကြာရေးမှူး ဦးစဝီလီဖရန့်က ဒီဗွီဘီကိုပြောပါတယ်။

တိုင်းဒေသကြီးအစိုးရအနေနဲ့ ရေဘေးသင့်ဒေသတွေကို ရေသန့်ဆေးပြားနဲ့ အသင့်စား ခေါက်ဆွဲခြောက်စတာတွေကိုလည်း ဖြန့်ဝေပေးနေပါတယ်။

ရေဝင်ရာဒေသတွေအနေနဲ့ မြွေအန္တရာယ်ကိုလည်း သတိထားကြဖို့၊ ရေကြီးရင်ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေ မဖြစ်ပွားစေဖို့ ရေကို ကျိုချက်သောက်သုံးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီနေ့မနက် ၆ နာရီခွဲထိ မိုးဇလရဲ့တိုင်းတာချက်တွေအရ ချင်းတွင်းမြစ်ရေက ခန္တီးမြို့ရဲ့ စိုးရိမ်ရေ အမှတ်အောက် ၆လက်မခန့်ကျဆင်းနေပြီး အခြားမြို့တွေမှာတော့ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေဆဲဖြစ်ကာ အမြင့်ဆုံးအနေနဲ့ မော်လိုက်မြို့မှာတော့ စိုးရိမ်ရေအမှတ်အထက် ၆ပေခွဲခန့်ထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

မိုးပြတ်ရင်တော့ လာမယ့်တပတ်အတွင်း မြို့အားလုံးရဲ့ စိုးရိမ်ရေအမှတ်အောက်ကို ရောက်ရှိ နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုံရွာမြို့မှာလည်း မြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၂ပေခန့်ထိမြင့်တက်နေကာ ရေတိုးနေဆဲဖြစ်တာကြောင့် ကမ်းနားတလျှောက်မှာ ရေကင်းတွေချထားပြီး မီးသတ်တပ်ဖွဲ့ဝင် တွေက လှည့်လည်ကြည့်ရှုစစ်ဆေးတာ၊ သတိပေးတာတွေကို ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013