DVB Logo
Home
မြန်မာသတင်း
ေခတ်​​ပေါ်ကဗျာ​များကို အမျိုးသားစာ​ပေဆု ချီးမြှင့်ရန်အစီအစဉ်မရှိသေး
DVB
·
July 13, 2017
ေ​ခတ်​​ပေါ်ကဗျာ​များကို အမျိုးသားစာ​ပေဆု ချီးမြှင့်ရန်အစီအစဉ်မရှိသေး
Donate to DVB

 

အမျိုးသားစာပေဆုချီးမြှင့်ရာမှာ ခေတ်ပေါ်ကဗျာတွေကို သီးခြားဆုချီးမြှင့်ဖို့ အစီစဉ်မရှိသေးဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်အမတ် ဦးငြိမ်းသစ်က မြန်မာစာပေ ဖွံ့ဖြိုးရေး အတွက် နိုင်ငံတော်က နှစ်စဉ်ချီးမြှင့်နေတဲ့  အမျိုးသားစာပေဆုမှာ လေးလုံးစပ်၊ အစဉ်အလာ ကဗျာတွေနည်းတူ ခေတ်ပေါ်ကဗျာတွေကိုလည်း ထည့်သွင်းချီးမြှင့်ဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က “ယခုနှစ် အမျိုးသားစာပေဆု ချီးမြှင့်ရာတွင် ကဗျာပေါင်းချုပ်ဘာသာရပ် ခေတ်ပေါ်ကဗျာစာပေဆု ဟူ၍ သီးခြားဆုချီးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်းနဲ့ အစဉ်အလာ ကဗျာဖြစ်စေ၊ ခေတ်ပေါ်ကဗျာဖြစ်စေ ထည့်သွင်းစဉ်းစားပြီး ကဗျာပေါင်းချုပ်ဆုအဖြစ် ရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ကြောင်း ”ဖြေကြားပါတယ်။

အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီအဖွဲ့ကြီး အစည်းအဝေး (၂/၂၀၁၇) မှာ ကဗျာပေါင်းချုပ်ဆု ဘာသာရပ်မှာ အစဉ်အလာကဗျာစာအုပ်ဖြစ်စေ၊ ခေတ်ပေါ်ကဗျာစာအုပ် ဖြစ်စေ ကဗျာပေါင်းချုပ်အဖွဲ့ငယ်က ဆုချီးမြှင့်ဖို့  ထိုက်တန်တယ်လို့ ရွေးချယ်ရင် ဆုချီးမြှင့်သွားဖို့ အတည်ပြုထားပြီးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013