DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် လွှတ်တော်ဒု-ဥက္ကဋ္ဌနေရာ အစားထိုးခန့်အပ်ရန် ရခိုင်အမျိုးသားပါတီရွေးချယ်
DVB
·
July 13, 2017
ရခိုင်ပြည်နယ် လွှတ်တော်ဒု-ဥက္ကဋ္ဌနေရာ အစားထိုးခန့်အပ်ရန် ရခိုင်အမျိုးသားပါတီရွေးချယ်
Donate to DVB

လစ်လပ်နေတဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌနေရာကို ရခိုင်အမျိုးသားပါတီက အစားထိုး ခန့်အပ်နိုင်ဖို့ ဇူလိုင် ၁၂ ရက်နေ့က ပါတီတွင် အရေးပေါ် အစည်းအဝေးတရပ် ပြုလုပ်ပြီး ရွေးချယ်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်၊ လွှတ်တော်ဒုဥက္ကဋ္ဌ ဦးဖိုးမင်း ကွယ်လွန်သွားတဲ့အတွက် သူ့ရဲ့နေရာမှာ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄ ဦးကို ရွေးချယ်ရာမှာ မြေပုံမြို့နယ် ဦးအောင်ဝင်းကို လွှတ်တော်ဒုဥက္ကဋ္ဌလောင်းအဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ အရေးပေါ်အစည်းအဝေးတရပ် ခေါ်ပြီး ပါတီအတွင်းမှာ ပြုလုပ်ကြပါတယ်။ အဲဒီမှာ လစ်လပ်နေတဲ့ လွှတ်တော်ဒုဥက္ကဋ္ဌ နေရာကို ရွေးကြပါတယ်။ ကျနော်တို့ ပါတီမူနဲ့ ကိုက်ညီတဲ့ အချက် ၄ ချက်ရှိတဲ့ပုဂ္ဂိုလ် ၄ ဦးကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ထဲက ရွေးချယ်လိုက်ကြတယ်။ ၂ ဦးကတော့ ပါဝင်ယှဉ်ပြိုင်လိုခြင်း မပြုဘူးလို့ အဆိုပြုတယ်။ အဲဒီမှာ ကျန်တဲ့ အစ်ကိုနှစ်ဦးကို ကျနော်တို့ မဲစနစ်နဲ့ ရွေးချယ်တဲ့အခါမှာ မြေပုံမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကတော့ ရွေးချယ်ခံရပါတယ်။”

အခုလို ရွေးချယ်ခံခဲ့ရတဲ့သူတွေဟာ ပါတီရဲ့ စည်းမျဉ်းတွေဖြစ်ကြတဲ့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်မှုဆောင်တဦးဖြစ်ဖို့ လိုသလို သင့်တင့်လျောက်ပတ်သော ပညာအရည်အချင်းရှိဖို့နဲ့ ပါတီအပေါ်မှာ သစ္စာရှိဖို့ အပါအဝင် ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုက ထုတ်ပြန်တဲ့ သဘောထား ကြေညာချက် မူဝါဒ၊လမ်းညွန်ချက်တွေကို တိကျစွာ လိုက်နာသူတွေဖြစ်တဲ့အတွက် အားလုံး သဘောတူမှုနဲ့ ရွေးချယ်ခဲ့ကြတာလို့ ဦးထွန်းအောင်ကျော်က ဆိုပါတယ်။

အနိုင်ရရှိတဲ့သူ ဦးအောင်ဝင်းကို ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် တရားဝင်ခန့်အပ်နိုင်ဖို့ မနက်ဖြန် ၁၄ ရက် ကျင်းပမယ့်  ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်းသွင်းရမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော် ၄၇ နေရာမှာ ယှဉ်ပြိုင်ရာမှာ ၂၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013