
အကြမ်းဖက်တိုက်ခိုက်တွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ပြည်ပမီဒီယာ ၁၆ ခုက သတင်းသမား ၂၀လောက် ပထမဆုံးအကြိမ် သွားရောက် သတင်းယူခွင့်ရရှိခဲ့ပါတယ်။
မောင်တောဒေသမှာ ၂၀၁၆ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း နောက်ဆက်တွဲ သတင်းတွေရယူဖို့ ပြည်ပမီဒီယာ သတင်း အဖွဲ့ဟာ မနေ့က ရန်ကုန်ကနေ စစ်တွေကို လေကြောင်းနဲ့ ထွက်ခွာသွားတာလို့ အစိုးရ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အဆိုပါသတင်းအဖွဲ့မှာ အေအက်ဖ်ပီ၊ နစ်ကေး၊ ဗွီအိုအေ၊ ကျိုဒိုနယူးစ်၊ ဆင်ဟွာ၊ အေပီ၊ ဖရန်တီးယား၊ စီအင်န်အေ၊ တီဗွီအဆာဟိ၊ အာအက်ဖ်အေ၊ အေဘီစီ၊ ဘီဘီစီ၊ အင်န်အိတ်ခ်ျကေ၊ ရိုက်တာ၊ အမ်အိုင်တီဗွီ၊ အမ်အန်အေတို့မှ သတင်းမီဒီယာ ၁၉ ဦးပါဝင်ပြီး ဇူလိုင် ၁၂ ရက်မှ ၁၆ ရက် အထိ ရခိုင်ပြည်နယ်မှာ သတင်းယူကြမယ်လို့ ဆိုပါတယ်။
ပြည်တွင်းအခြေစိုက်မီဒီယာတွေကတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ကတကြိမ် ၊မတ် ၂၈ ရက်မှာတကြိမ် ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက် သတင်းရယူခွင့်ရရှိခဲ့ ပါတယ်။
ဓာတ်ပုံ- MOI










