DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများကို အခမဲ့ ခွဲစိတ်ကုသပေးမည်
DVB
·
July 13, 2017
ကျိုင်းတုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများကို အခမဲ့ ခွဲစိတ်ကုသပေးမည်
Donate to DVB

ကျိုင်းတုံမြို့နယ်မှာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကလေးငယ်တွေ အပါအဝင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေး စုစုပေါင်း ၁၂၀ ကျော်ကို အခမဲ့ ခွဲစိတ်ကုသပေးဖို့ လုပ်ဆောင်နေတယ်လို့ Smile Train ပရဟိတအဖွဲ့မှ မြန်မာနိုင်ငံစီမံကိန်းမန်နေဂျာ ဒေါက်တာ ဇင်ကိုအောင်က ပြောပါတယ်။

“လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ကျိုင်းတုံတပ်မတော်စစ်ဆေးရုံမှာ မင်္ဂလာဒုံစစ်ဆေးရုံက အထူးကုဆရာဝန်ကြီးတွေအဖွဲ့နဲ့ Smile Train ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး ပြုလုပ်သွားမှာပါ”လို့ ဒေါက်တာဇင်ကိုအောင်က ပြောပါတယ်။

ခွဲစိတ်မယ့် လူနာတွေအနေနဲ့ အသက် ၁၀ လအထက် ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ရမှာဖြစ်ပြီး ကျား၊ မ မရွေး ကလေးရော လူကြီးပါ ခွဲစိတ်ပေးသွားမယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှာရှိတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို အခမဲ့ကုသပေးသွားမှာဖြစ်ပြီး လက်ရှိအချိန်ထိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကလေးငယ်တွေ အပါအဝင် လူနာ ၈၀ ကျော်သာ စာရင်းပေးသေးတယ်လို့ သိရပါတယ်။

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေဆိုရင် လူမျိုး ဘာသာ မရွေးဘဲ ခွဲစိတ်ကုသပေးမယ်လို့ အမှတ်(၃/၃၀၀)စစ်ဆေးရုံမှ တပ်ရင်းမှူးက ပြောထားတယ်လို့ ဒေါက်တာဇင်ကိုအောင်က ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းခတ်၊ မိုင်းယန်း စတဲ့ ဒေသတွေဟာ သတင်းအချက်အလက် ရရှိမှုနည်းပါးတာကြောင့် အဲဒီမြို့တွေမှာရှိတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေအနေနဲ့ နီးစပ်ရာ ကြက်ခြေနီအဖွဲ့၊ လူမှုအသင်းအဖွဲ့၊ စာပေယဉ်ကျေးမှုအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေကတဆင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

ဒေါက်တာ ဇင်ကိုအောင်က “ခရီး အနီး အဝေးကို မူတည်ပြီးတော့ ကျပ် ၃ သောင်းကနေ ၅ သောင်းအထိ ခရီးစရိတ် ထောက်ပံ့ပေးမှာမို့ လာရောက်ခွဲစိတ်ဖို့ကို တိုက်တွန်းလိုပါတယ်” လို့  ပြောပါတယ်။

သတင်း - သားသား

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013