DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် အအေးခန်းစက်ရုံမှ ကုန်ချောထုတ်လုပ်မှု ယခင်နှစ်ထက် တင်ပို့မှု ကျဆင်းလာ
DVB
·
July 13, 2017
ရေးမြို့နယ် အအေးခန်းစက်ရုံမှ ကုန်ချောထုတ်လုပ်မှု ယခင်နှစ်ထက် တင်ပို့မှု ကျဆင်းလာ
1 / 5
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာရှိ အအေးခန်းစက်ရုံကနေတဆင့် ငါးကုန်ကြမ်းကနေ ကုန်ချောထုတ်လုပ်မှုဟာ အရင်နှစ်ထက် ထုတ်လုပ်တင်ပို့မှု ကျဆင်းလာနေတယ်လို့ သိရပါတယ်။

လွင်အေး အအေးခန်းမှ အုပ်ချုပ်မှုတာဝန်ခံ ဦးကျော်မောင်က “အအေးခန်းစက်ရုံတွေမှာ ဒီနှစ်ငါးကတော့ မနှစ်ကလို ငါး မရတာရယ်၊ မုန်တိုင်းဒဏ်ခံရတာရယ်၊ လှေဝင် လှေထွက် နည်းလာတဲ့အပြင် အအေးခန်းစက်ရုံ ၃ ရုံက လုပ်သားအင်အား ၃၅၀ လောက်နဲ့ စရိတ်တွေနဲ့ အရှုံးပေါ်နေတာကြောင့် ငါးကုန်ချောထုတ်လုပ်မှုပါ ကျဆင်းလာနေတယ်” လို့ ပြောပါတယ်။

၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း အအေးခန်းစက်ရုံ ၃ ရုံက ငါးကုန်ချော ပြည်တွင်းတင်ပို့မှုဟာ ဧပြီ၊ မေ၊ ဇွန်လအထိ တန်ချိန် ၁,၅၂၇,၄၄၁ ကီလိုဂရမ် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဧပြီ၊ မေ၊ ဇွန်လအထိ ၁,၉၇၇,၅၇၄ ကီလိုဂရမ်ရှိပါတယ်။ အရင်နှစ်ကထက် ၄၅၀,၁၃၃ ကီလိုဂရမ် ကျဆင်းလာနေတယ်လို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

“အခုလို ငါးကုန်ကြမ်း ရရှိမှု ကျဆင်းလာရတာဟာ ရာသီဥတု မမှန်တာရယ်၊ ငါဖမ်းရာသီ ပိတ်သိမ်းထားကာ ငါးဖမ်းလှေ ဖမ်းဆီးခွင့်ပြုတဲ့ ရာခိုင်နှုန်းက ပြီးခဲ့တဲ့နှစ် ၄၀ ရာခိုင်နှုန်း ဖြစ်ခဲ့ပေမယ့် အခုနှစ်က ၃၀ ရာခိုင်နှုန်းအထိ လျှော့ချထားတာ ဖြစ်ပါတယ်” လို့ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်ကုန်မှာ တရားဝင်မှတ်ပုံတင်ထားသူ ရေလုပ်သားပေါင်း ၄၀၀၀ ကျော်ခန့်ရှိကာ ၂၀၁၇-၂၀၁၈ ခုနှစ် ပထမ ၃ လပတ်အတွင်းမှာ တရားဝင် ရေလုပ်သား ၈၅၀ ဦးအထိ လက်ရှိမှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။

ကမ်းနီးငါးဖမ်းလှေ ၃၇၂ စီးရှိကာ ကမ်းဝေးငါးဖမ်းလှေ ၁၉၉ စီး ရှိနေတယ်လို့ ဆိုပါတယ်။

သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013