DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် မိုးရွာသွန်းမှုကြောင့် မြေပြို၍ ကားလမ်းပိတ်ဆို့မှုဖြစ်
DVB
·
July 13, 2017
ကော့သောင်းတွင် မိုးရွာသွန်းမှုကြောင့် မြေပြို၍ ကားလမ်းပိတ်ဆို့မှုဖြစ်
1 / 5
Donate to DVB

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ဇူလိုင် ၁၂ ရက်နေ့ နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မိုးအဆက်မပြတ် မိုးရွာသွန်းခဲ့တာကြောင့် ကော့သောင်း-ဘုတ်ပြင်း ကားလမ်း ပြည်ထောင်စုလမ်းမကြီး ရွှေပြည်စိုးကျေးရွာအပိုင် မိုင်တိုင်အမှတ်(၄) ဇိနဗုဒ္ဓဘုန်းတော်ကြီးကျောင်း အပေါ်ဘက် ကားလမ်းမှ အမြင့်ပေ ၁၅၀ ၊ အရှည်ပေ ၁၀၀ လောက်ရှိတဲ့ မြေသားထုပြိုကျပြီး ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။

ပိတ်ဆို့နေတဲ့ မြေသားတွေကို မီးသတ်တပ်ဖွဲ့ ကြက်ခြေနီတပ်ဖွဲ့နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ကော့သောင်းတပ်နယ်မှ တပ်မတော်သားတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တွေက ယာဉ်တွေနဲ့ လမ်းပေါ်ရောက်နေတဲ့ မြေသားတွေကို ဖယ်ရှားကြရာ ၁ နာရီ အတွင်း ကားလမ်းပွင့်သွားခဲ့ပြီး ပုံမှန်သွားလာနိုင်ခဲ့ပါတယ်။

“မိုးကနှစ်ရက်ဆက်တိုက် မနားဘဲရွာတာ။ ရွာလိုက်ရင်လည်း ရေတအားပါတော့ နဂိုကမှအိနေတဲ့ တောင်တွေပြိုတာပေါ့။ တော်သေးတယ်ပြိုကျတဲ့အချိန် လမ်းသွားလမ်းလာတွေ မရှိလို့ လူနဲ့ယာဉ်တွေ အထိအခိုက်မရှိတာ” လို့ မြို့ခံတဦးက ပြောပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013