DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးကြောင့် စစ်ဘေးဒုက္ခသည်များ နေရပ်မပြန်နိုင်သေး
DVB
·
July 13, 2017
လုံခြုံရေးကြောင့် စစ်ဘေးဒုက္ခသည်များ နေရပ်မပြန်နိုင်သေး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ဟာ လုံခြုံရေးအရ အခုချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့အတွက် အစိုးရနဲ့ အလှူရှင်တွေ ဆက်လက်ထောက်ပံ့မှု ပေးနေရပါတယ်။

တပ်သားသစ်စုဆောင်းမှုကြောင့် ထွက်ပြေးလာရပြီး လုံခြုံရေးနဲ့ စားဝတ်နေရေး အာမခံ မရှိသေးတဲ့အတွက် နေရပ်မပြန်နိုင်သေးတာလို့ ရှမ်းပြည်နယ် လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးမှူး ဦးစိုးနိုင်က ပြောပါတယ်။

"သူတို့က စစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးလာတာဖြစ်တဲ့အတွက် နေရပ်ကိုပြန်ရင် လုံခြုံရေးနဲ့ လူသစ်စုဆောင်းမှုကို စိတ်မချတဲ့အတွက် သူတို့မပြန်နိုင်သေးဘူး၊ သူတို့ မပြန်နိုင်သရွေ့ အစိုးရအနေနဲ့ နှစ်ပတ်တခါ ထောက်ပံ့ပစ္စည်းတွေ ပေးသွားမှာဖြစ်တယ်။”

နားဟီ စစ်ဘေးရှောင်စခန်းမှာ အချိန်ကြာလာတာနဲ့အမျှ အသက်ကြီးပြီး တခြမ်းသေသွားတဲ့ အဖိုးအဖွားတွေရှိသလို ကိုယ်ဝန်ဆောင်တွေနဲ့ မီးနေသည်တွေလည်း ရှိနေပါတယ်။

နားဟီးဒေသခံ ခွန်မြင့်အောင်က "နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြည်တွင်းပြည်ပ အလှူရှင်တွေက ရေရရှိဖို့ ကူညီမယ်၊ အစိုးရအနေနဲ့ အိမ်သာတွေ၊ အစားအသောက်တွေ ဆက်လက်ကူညီမယ်လို့ပြောတယ်။ အခုမှာ မိုးတွင်းကာလနဲ့ လုံခြုံရေးကြောင့် နေရပ်မပြန်နိုင်တာပါ။ သီတင်းကျွတ်ပြီးရင် ပြန်နိုင်မယ်လို့ မျှော်လင့်တယ်" လို့ ပြောပါတယ်။

ကျန်းမာရေးရေးကိုတော့ ပအိုးဝ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ PHWC က ကူညီစောင့်ရှောက်ပေးကြောင်း သိရပါတယ်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နားဟီးဘုန်းကြီးကျောင်းမှာ မေလ ၁၂ ရက်နေ့က RCSS/SSA တပ်သားသစ် စုဆောင်းမှုကြောင့် မဲတစေးရွာနဲ့ ပုန်းစုတ်ရွာ ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ခွန်ရာဇာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013