DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ မြန်မာအလုပ်သမားများအား နှစ်သိမ့်အားပေး (ဓာတ်ပုံ)
DVB
·
July 12, 2017
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ မြန်မာအလုပ်သမားများအား နှစ်သိမ့်အားပေး (ဓာတ်ပုံ)
1 / 12
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ အဖွဲ့ဟာ ဇူလိုင် ၉ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ကော့သောင်းနယ်စပ်ဂိတ်ကို ပြန်လည်ဝင်ရောက်လာကြတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို တွေ့ဆုံအားပေးစကား ပြောခဲ့ပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဌာနဆိုင်ရာက တာဝန်ရှိသူတွေ၊ ကော့သောင်းအန်အယ်လ်ဒီက တာဝန်ရှိသူတွေနဲ့ ကမ်းနီပရဟိတအဖွဲ့မှ ကြိုဆိုကြပြီး ကူညီမှုလုပ်ငန်းများ ဆောင်ရွက်ပေးကြကာ ကော့သောင်းမြို့၊ မဉ္ဇူသက ပြည်သူ့ခန်းမသို့ ဝန်ကြီးချုပ်မှ လာရောက်ကြည့်ရှု နှစ်သိမ့်အားပေးစကား ပြောကာ ထောက်ပံ့ငွေ သိန်း ၂၀ ကျပ်ကို လှူဒါန်းပေးခဲ့ပြီး ဝင်ရောက်လာတဲ့ အလုပ်သမားတဦးချင်းစီကို ထမင်းဘူးနဲ့ ဖျော်ရည်ဘူးတွေ လိုက်လံဝေငှပေးခဲ့ပါတယ်။

အပြန်ခရီးအတွက် ခရီးစရိတ် မတတ်နိုင်သူတွေကို ကော့သောင်းခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ခရီးစာရိတ် ကျခံပေးပါတယ်လို့ ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကော့သောင်းနယ်စပ်ဂိတ်မှာ ဝင်ရောက်လာသူဦးရေဟာ ဇူလိုင် ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ၁၂၀၀ ကျော်ရှိသွားပြီလို့ လဝကစာရင်းတွေအရ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - လတ်ကိုကိုဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013