DVB Logo
Home
မြန်မာသတင်း
မစ္စယန်ဟီးလီကို ဘူးသီးတောင်တွင် ဆန္ဒပြ
DVB
·
July 12, 2017
မစ္စယန်ဟီးလီကို ဘူးသီးတောင်တွင် ဆန္ဒပြ
1 / 5
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကို  ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဘူးသီးတောင်ဒေသခံတွေက ဒီကနေ့ညနေက ဆန္ဒပြခဲ့ကြပါတယ်။

မစ္စယန်ဟီးလီဟာ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တာတွေ၊ အကြမ်းဖက်သမားတွေကို အားပေးနေတာတွေ၊ တဘက်ပိတ်ဘက်လိုက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ ဆန့်ကျင်တဲ့ တောင်းဆိုမှုတွေ လုပ်နေတာလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

ဆန္ဒပြသူတွေက ကုလအခွင့်အရေးပေးသူ မစ္စယန်ဟီးလီ အလိုမရှိ၊ ရခိုင်အရေး ဝင်ရောက်စွက်ဖက်သူ မစ္စယန်ဟီးလီ အလိုမရှိ၊ တောင် မြောက်ကိုရီးယား ပေါင်းစပ်ဖို့လား ကြိုးစားကြည့်၊ မစ္စယန်ဟီးလီ GETOUT ဆိုပြီး ပိုစတာ၊ လက်ကိုင်ဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ဒီကနေ့မှာပဲ စစ်တွေအခြေစိုက် ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဦးဆောင်ပြီး စစ်တွေလေယာဉ်ကွင်းမှာ မစ္စယန်ဟီးလီကို လူ ၁၀၀ ခန့်က ကန့်ကွက် ဆန္ဒပြခဲ့ကြပါသေးတယ်။

မစ္စယန်ဟီးလီဟာ ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်က ဘူးသီးတောင်ကို ရောက်ရှိခဲ့ပြီးနောက် ဘူးသီးတောင် အကျဉ်းထောင်ကို သွားရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ခရီးစဉ်အဖြစ် မစ္စယန်ဟီးလီဟာ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို သွားရောက်လေ့လာနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ ဒီတခေါက် မြန်မာနိုင်ငံခရီးစဉ်ဟာ ၆ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်ကနေ ၂၁ ရက်အထိ ၁၂ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ - အောင်ချေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013