DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ပြောဆိုချက် အန်အယ်လ်ဒီပြောခွင့်ရသူ ထောက်ခံ(ရုပ်သံ)
DVB
·
July 12, 2017
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ပြောဆိုချက် အန်အယ်လ်ဒီပြောခွင့်ရသူ ထောက်ခံ(ရုပ်သံ)
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆင့်အတန်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်ကို သဘောတူတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။

“ကာကွယ်ရေး ဦးစီးချုပ်က ၀န်ထမ်းပဲလေ။ တပ်မတော်ရဲ့ ၀န်ထမ်းအဖွဲ့အစည်း ဖြစ်တဲ့ တပ်မတော်ရဲ့ အကြီးအကဲလေ။ ကျန်တဲ့ စစ်ဘက်နဲ့ အရပ်သားမှာလည်း သူ့အဖွဲ့အစည်းရဲ့ အကြီးအကဲဟာ ညွှန်ကြားရေးမှူးချုပ်လေ။ အဲတော့ ဒါက level တူပဲလေ။ အဲဒါ နိုင်ငံရေးအရ ဖြစ်လာတဲ့ အခု ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်ရဲ့ powerful ဖြစ်တာနဲ့ မဆိုင်ဘူး။ ခုန သဘောတရားအရဆိုရင်တော့ level တူပဲ။ ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်စစ်တပ်ရဲ့ အကြီးအကဲ၊ ညွှန်ကြားရေးမှူးချုပ်သည် ၀န်ထမ်းအဖွဲ့အစည်းတွေရဲ့ အကြီးအကဲ၊ အတူတူပဲ။ ”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးစီးချုပ်ဟာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အထက်မှာရှိနေပြီး ဒီဖွဲ့စည်းပုံရဲ့လွဲမှားနေတဲ့အချက်တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ စပြဋ္ဌာန်းခဲ့တဲ့ အချိန်ကတည်းကပြောဆိုခဲ့ပြီး သားဖြစ်တယ်လို့ လည်း ဦးဉာဏ်ဝင်း ကပြောပါတယ်။

“ဖွဲ့အစည်းပုံအခြေခံ ဥပဒေအရဆိုရင် အများကြီးမြင့်တယ်။ ကာကွယ်ရေးဦးစီးချုပ်က။ ဒါကြောင့်မို့ ဒီဟာက လုံးဝမှားနေတယ်လို့ ကျနော်တို့က ပြောတာ။ ကျနော်တို့ ပါတီက ပြောထားပြီးသား။ စပြဋ္ဌာန်းတဲ့နေ့ကတည်းက ဒါတွေမှားနေတယ်။ ဒါတွေဟာ မှန်ကုန်မှုမရှိဘူး၊ ကျနော်တို့ ပြောပြီးသား။ ကျနော်တို့ stand က လျော့လို့မရဘူး။ ဖွဲ့စည်းပုံမှာ ပါလို့မို့လို့ ကျနော်တို့ မလျော့နိုင်ဘူး။ ဖွဲ့စည်းပုံမှာ ပါတာ အကုန်လုံးမှန်တာ မဟုတ်ဘူး။ အမှားတွေ အများကြီးရှိတယ်။ ပြင်ဖို့အချက် ၁၆၈ ချက်ရှိတယ်။”

ဇူလိုင် ၉ ရက်က ရန်ကုန်မှာ ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အလုပ်အကိုင် ဖန်တီးပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို လိုအပ်သလို စိစစ် အရေးယူပေးဖို့ တပ်မတော်က နိုင်ငံတော် အစိုးရထံ တင်ပြတောင်းဆို ထားတာပါ။

အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ  ဦးသိန်းညွန့်ကတော့  လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအရ အစိုးရအနေနဲ့ တပ်မတော်နဲ့ ဆက်ဆံရေးပြေလည်အောင် တည်ဆောက်ရ မယ့်အချိန်မျိုးမှာ အခုလို ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုတွေက အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်နိုင်တယ် လို့ထောက်ပြပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013