DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် ကားနှင့်ဆိုင်ကယ် မျက်ချင်းဆိုင် တိုက်၊ ဆိုင်ကယ်မောင်းသူ သေဆုံး
DVB
·
July 12, 2017
ရေးမြို့တွင် ကားနှင့်ဆိုင်ကယ် မျက်ချင်းဆိုင် တိုက်၊ ဆိုင်ကယ်မောင်းသူ သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းနယ်မြေရဲစခန်းပိုင်အတွင်း ဇူလိုင် ၁၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်က ရေး-မော်လမြိုင် သွားကားလမ်း မိုင်တိုင်အမှတ် ၇၇/၃ နဲ့ ၇၇/၄ အကြားမှာ ဆိုင်ကယ်နဲ့ အမည်မသိယာဉ်တစီးတိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့တယ်လို့ လမိုင်းနယ်မြေရဲစခန်းက ပြောပါတယ်။

လမိုင်းမြို့ဘက်က ရေးမြို့ဘက်ကို Dream အမျိုးအစားဆိုင်ကယ်မောင်းနှင်သူ ကြိုးကြာ(ခ) နေလင်းအောင်နဲ့ နောက်ကလိုက်ပါစီးနင်းသူ သက်ဝေတို့ ဆိုင်ကယ်ကို အမည်မသိယာဉ်က မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းသူ ကြိုးကြာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး သက်ဝေမှာလည်းဒဏ်ရာတွေနဲ့ လမိုင်းပြည်သူ့ ဆေးရုံကိုအရေးပေါ် ကုသနေရတယ်လို့ လမိုင်းနယ်မြေရဲစခန်းက သိရပါတယ်

အမည်မသိယာဉ်အား လမိုင်းနယ်မြေရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်တို့က စုံစမ်းစစ်ဆေး မှုများပြုလုပ်နေလျက်ရှိကာ ရဲတပ်ကြပ်အောင်နိုင်မှ တရားလိုပြုလုပ် တိုင်တန်းလာကာ လမိုင်းနယ်မြေရဲစခန်းမှ ဇူလိုင် ၁၁ ရက်နေ့ည ၁၁ နာရီ ၁၀ မိနစ်အချိန်က ယာဉ် (ပ)၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃၀၄-ကအရ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

နေမျိုးထွဋ်(ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013