DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံအလှူခံအပ်ငွေ ဘဏ်တိုးမပေးနိုင်ဆိုသည့်သတင်း မြန်မာ့စီးပွားရေးဘဏ်ကန့်ကွက်
DVB
·
July 12, 2017
ရွှေတိဂုံအလှူခံအပ်ငွေ ဘဏ်တိုးမပေးနိုင်ဆိုသည့်သတင်း မြန်မာ့စီးပွားရေးဘဏ်ကန့်ကွက်
Donate to DVB

 

ရွှေတိဂုံဘုရားအလှူခံရရှိတဲ့ အပ်နှံငွေတွေအတွက် ဘဏ်က အတိုးမပေးနိုင်လို့ ငွေတိုက်စာချုပ်တွေ ဝယ်ထားရတယ်လို့ 7 Day သတင်းစာက ဖော်ပြခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ ပြန်လည်ပြင်ဆင်ပေးဖို့ မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်ကြေညာပါတယ်။

“ရွှေတိဂုံစေတီအလှူခံရငွေ ကျပ်ဘီလီယံ ၆၀ ကျော်နှင့် ကန်ဒေါ်လာ သန်း ၂၀ကျော်ရှိ၊ ဘဏ်ကအတိုးမပေးနိုင်၍ ငွေတိုက်စာချုပ်ဝယ်ထားရ”ဆိုပြီး ဝန်ကြီး သူရဦးအောင်ကိုရဲ့ ပြောစကားကို ကိုးကားပြီး ဇူလိုင် ၅ ရက်ထုတ်  7 Day သတင်းစာက ရေးသားခဲ့တာပါ။

ငွေတိုက်စာချုပ်တွေဝယ်ယူတာဟာ ဂေါပကအဖွဲ့ရဲ့ ဆန္ဒအရပဲဖြစ်တဲ့အကြောင်းနဲ့ ဘဏ်က အတိုးမပေးနိုင်လို့ မဟုတ်တဲ့အကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်ကြေညာပါတယ်။

ဘဏ်အပ်ငွေအားလုံးအတွက် သတ်မှတ်ကာလရောက်တိုင်းမှာ အတိုးပေးနေပြီး ပြီးခဲ့တဲ့ မတ်လကုန်ကပဲ အတိုးတွေ ထည့်သွင်းပေးခဲ့တယ်၊ ရွှေတိဂုံဂေါပကရဲ့ ဘဏ်အပ်ငွေအပေါ် အတိုး ကျပ် ၁၇ဒသမ၇ ဘီလီယံကျော် ပေးခဲ့တယ်လို့ လည်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရွှေတိဂုံစေတီတော်အတွက် ထာဝရဘက်စုံအလှူငွေနဲ့ စီမံခန့်ခွဲမှုဝင်ငွေပေါင်းကျပ် သန်းပေါင်း ၆ သောင်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၅ သန်းလောက်ရှိပြီး ကျပ်ငွေကို မြန်မာ့ စီးပွားရေးဘဏ်ခွဲ ၁၊ ၂ နဲ့ ၄ တို့မှာ အပ်နှံထားကာ ဒေါ်လာတွေကိုတော့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်မှာ အပ်နှံထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ကျပ်ငွေသန်း ၈ ထောင်ကျော်ကို ၁၂ နှစ်သက်တမ်းရှိ ငွေစုလက်မှတ်တွေ ဝယ်ထားပြီး ငွေတိုက်စာချုပ် ကျပ်ငွေ သန်း ၁၆၀၀၀ ကျော်ဝယ်ယူထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013