DVB Logo
Home
မြန်မာသတင်း
၇ နှစ်ရွယ်မိန်းကလေး ၂ ဦးကို ၁၄ အရွယ်ယောက်ျားလေးက အဓမ္မပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်
DVB
·
July 12, 2017
၇ နှစ်ရွယ်မိန်းကလေး ၂ ဦးကို ၁၄ အရွယ်ယောက်ျားလေးက အဓမ္မပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်
Donate to DVB

တောင်ကြီးမြို့ရွှေတောင်ရပ်ကွက်မှာ ၇ နှစ်အရွယ် မိန်းကလေး ၂ ဦးကို ၁၄ နှစ်အရွယ် ယောက်ျားလေးက အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုကာ တောင်ကြီးမြို့မရဲစခန်းကို လာရောက် အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ ဇူလိုင် ၁၁ ရက်နေ့က နယ်မြေရဲစခန်းက ပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ အသက် ၁၄ နှစ်ကျော် ကိုဂျစ်တူး (ခေါ်) ကျော်စွာထွန်းဖြစ်ပြီး ကျူးလွန်ခံရသူမှာ အသက် ၇ နှစ်ဝန်းကျင် ကလေးငယ် ၂ ဦး ဖြစ်ပြီး ရဲစစ်ဆေးချက်အရ မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိဘဲ လူပျိုပေါက်စဖြစ်တဲ့အတွက် ကလေးငယ်ကို အရုပ်ပေးမယ်၊ မုန့်ကြွေးမယ် ပြောဆိုပြီး ကလေးငယ် ၂ ဦးကို ခေါ် အဓမ္မပြုကျင့်ခဲ့တာလို့ တောင်းကြီးမြို့မရဲစခန်းမှူးက အခုလို ပြောပါတယ်။

တောင်ကြီး မြို့မရဲစခန်း ဒုရဲမှူးဦးမျိုးဦး က “အမျိုးသမီး ကလေးငယ် ၂ ဦးကို ၁၄-၁၅ ကြားအရွယ်ရှိတဲ့ ယောကျာ်လေးတဦးကနေပြီး မိန်းကလေးငယ် ၁ ဦးကို ဓမ္မတာကနေ ဖြစ်တယ်ပေါ့။ နောက်တယောက်နေပြီးတော့ ဓမ္မတာနဲ့ ဆန့်ကျင်ပြီးပြုကျင့်ခဲ့တယ်ပေါ့၊ အဲဒီအမှု ၂ မှုဖြစ်ပွားခဲ့ပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာ လာရောက်တိုင်ကြားခဲ့ပါတယ်။ တဦးကတော့ သူတို့နေတဲ့ခြံချင်းကပ်ရက်ခြံ အိမ်အောက်ကိုခေါ်သွားပြီး ဘယ်သူမှမပြောနဲ့ဆိုပြီး ပြုကျင့်ခဲ့တယ်” လို့ ပြောပါတယ်။

အဓမ္မပြုကျင့်မှု အထမြောက် မမြောက်ကိုတော့ စစ်ဆေးချက်ထွက်လာမှ သိရမှာဖြစ်ပြီး သက်ငယ်မုဒိန်းဖြစ်ရတာ မိဘတွေမစောင့်ရှောက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ရတာများတယ်လို့ စခန်းမှူးက ဆက်ပြောပါတယ်။

ကျူးလွန်သူ တရားခံကို အသက်မပြည့်သေးတဲ့အတွက် သက်ငယ်တရားရုံးသို့လွဲအပ်ကာ အချုပ်မှာ မချုပ်ထားဘဲ နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး ကျူးလွန်သူ တရားခံကို ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၇၆/၃၆၃ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း အခုမှုအပါအဝင် သက်ငယ်မုဒိမ်းမှု ၃ မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013