DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ်တွင် လူပေါင်း ၆ ထောင်ကျော် ရေဘေးသင့်နေ
DVB
·
July 12, 2017
မုံရွာမြို့နယ်တွင် လူပေါင်း ၆ ထောင်ကျော် ရေဘေးသင့်နေ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း   ကျေးရွာပေါင်း ၂၀လောက်မှာ ရေကြီးနေပြီး  အိမ်ထောင်စုပေါင်း ၁၃၀၀ ကျော် လူပေါင်း ၆၀၀၀ ကျော်လောက် ရေဘေး ဒုက္ခခံစားနေရကြရပါတယ်။

ချင်းတွင်းမြစ်ရေ ဝင်ရောက်နေတဲ့အတွက်  ဘုဘ၊ ညောင်ဖြူပင်၊ မရိုးကုန်း၊ ချောင်းကောက်၊ ပန်းခြံ၊ ချမ်းသာကျွန်း စတဲ့ကျေးရွာ ၆ ရွာမှာ မိသားစုပေါင်း ထောင်နဲ့ ချီ ရေဘေးဒုက္ခခံစားနေရကြရတာပါ။

ရေဘေးသင့်အိမ်ထောင်စုတွေအတွက်  စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး လူကယ်ပြန်မှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ညကနေက ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။

ရေဘေးသင့် အိမ်ထောင်စု ၁၃၇၁ စု၊ ရေဘေးသင့် လူဦးရေ ၆၃၄၉ ဦးတို့အတွက် တဦးကို တရက် ၂၁၀၀ ကျပ်နှုန်းနဲ့ ၁ ပတ်စာငွေကြေး စုစုပေါင်း ကျပ်သိန်း ၁၃,၃၃၂,၉၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ မုံရွာမြို့နယ်အတွင်းမှာ ရေဝင်ကျေးရွာ ၂၀ ခန့်ရှိပြီး နောက်ထပ်ကျန်ရှိနေသေးတဲ့ ရေဘေးသင့် အိမ်ထောင်စုတွေကိုလည်း ထောက်ပံ့ပေးနိုင်ဖို့ စာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။

ထောက်ပံ့ငွေပေးအပ်ပွဲမှာ ဝန်ကြီးက ရေကြီးရင် ဖြစ်တတ်တဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါတွေ မဖြစ်ပွားရအောင် ရေကို ကျိုချက်သောက်သုံးကြဖို့၊ မြွေ၊ ကင်း အန္တရာယ်တွေကိုလည်း အထူးဂရုစိုက်ကြဖို့၊ လိုအပ်တဲ့ အခက်အခဲတွေ ရှိရင်လည်း သက်ဆိုင်ရာကို အမြန်ဆုံး တင်ပြပေးကြဖို့ကို ပြောကြားခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်ကလည်း သောက်သုံးရေ အခက်အခဲဖြစ်နေရင် ကူညီပေးမှာဖြစ်ပြီး ရေသန့်ရရှိရေးအတွက် အလှူရှင်တွေ၊ စေတနာရှင်တွေ၊ ပရဟိတလူငယ်တွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေသခံ ပြည်သူတွေကတော့ ရေဝင်ရာဒေသကနေ လှေတတန်၊ ကုန်းတတန်နဲ့ ကျောင်းလာတက်နေရတဲ့ ကလေးငယ်တွေ ရှိနေတဲ့အတွက် စာသင်ကျောင်းတွေကို ယာယီပိတ်ထားပေးစေလိုတယ်လို့ ဆိုပါတယ်။

ရေကြီးနေတဲ့ကာလမှာ ကျောင်းတွေအားလုံးရေမဝင်ဘူး ဆိုပေမယ့် တာပြင်ရေဝင်ရွာတွေကနေ ကျောင်းလာတက်တဲ့ ကျောင်းသားတွေကို ငဲ့ညှာပြီး ကျောင်းပိတ်ပေးသင့်တယ်လို့ ကျွန်းရွာသစ် အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ပြောပါတယ်။

ဇူလိုင် ၉ ရက်နေ့က မုံရွာမြို့နယ်၊ ကျွန်းရွာသစ်မှ ဒုတိယတန်းကျောင်းသား မောင်မင်းခန့်အောင်က ဖခင် ဦးနိုင်လင်းထွန်းနဲ့ တောထဲကို နွားကျွေးလိုက်တာကနေ ရေဆင်းချိုးရာက ရေနစ်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ချင်းတွင်းမြစ်ရေ ဝင်ရောက်လို့ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ ဆားလင်းကြီးစတဲ့မြို့နယ်တွေမှာ လူဦးရေ ၁ သောင်းကျော် ရေဘေးသင့်နေကြတာ ဖြစ်ပါတယ်။

ရေဘေးကြောင့် စာသင်ကျောင်းပေါင်း ၂၀၀ နီးပါး ပိတ်ထားရပြီး မင်းကင်းမြို့နယ်က အများဆုံး ဖြစ်ပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာက ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေပြီး နောက်ဆုံး ရရှိထားတဲ့ စာရင်းတွေအရ ကျပ်သိန်း ၂၅၀ ကျော် ထောက်ပံ့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013